Africa & Middle East
နီကာရာဂွေးနိုင်ငံတွင် တရုတ်နိုင်ငံသံရုံး ပြန်လည်ဖွင့်လှစ်
မန်နာဂွာ ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ခဲ့ပြီးနောက် နီကာရာဂွေးနိုင်ငံတွင် တရုတ်နိုင်ငံ၏ သံရုံးကို ဒီဇင်ဘာ ၃၁ ရက်တွင် ပြန်လည်ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ယင်းသံရုံးဖွင့်လှစ်ခြင်းအခမ်းအနားကို နီကာရာဂွေးနိုင်ငံ မန်နာဂွာမြို့တော်(Managua)ရှိ သံရုံးသစ်တည်ရှိရာ နေရာ၌ ကျင်းပပြုလုပ်ခဲ့ပြီး နီကာရာဂွေးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yu Bo နှင့် နီကာရာဂွေးနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Moncada တို့က အတူတကွ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် တရုတ်သံအမတ်ကြီး Yu က တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် နိုင်ငံတကာအသိုက်အဝန်း၏ ဘုံသဘောတူညီချက်ဖြစ်ကြောင်း နှင့် နိုင်ငံတကာဆက်ဆံရေး အုပ်ချုပ်မှုများ၏ အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြု စံနှုန်းတစ်ခုဖြစ်ကြောင်း ၊ ယင်းသည် နိုင်ငံတကာတရားမျှတမှု နှင့် ထင်ရှားသောထောက်ခံအားပေးမှုကို ကိုယ်စားပြုသည့် အခင်းအကျင်းတစ်ခုကို ထင်ဟပ်ပြသခြင်းဖြစ်ကြောင်း ဆိုသည်။
တရုတ်နိုင်ငံနှင့်သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ရန် နီကာရာဂွေးနိုင်ငံ၏ ဆုံးဖြတ်ချက်သည် သမိုင်းလမ်းကြောင်းမှန် နှင့်အချိန်ကာလလမ်းကြောင်းမှန် တစ်ခုဖြင့် ကိုက်ညီစေရုံမျှသာမက နှစ်နိုင်ငံစလုံး၏ ကာလရှည်ကြာအကျိုးစီးပွားများ နှင့် အခြေခံစည်းမျဉ်းစည်းကမ်းပါ အပြည့်အဝ ထိန်းသိမ်းဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း Yu က ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်မှုတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ရေး နှင့် ရပ်ဝန်းနှင့်ပိုးလမ်းမအစပြုဖော်ဆောင်မှုတွင် အစောဆုံးပါဝင်ရေးအတွက် နီကာရာဂွေးနိုင်ငံအား တရုတ်နိုင်ငံက ကြိုဆိုကြောင်း သံအမတ်ကြီး Yu က ဆိုသည်။ တရုတ်-လက်တင်အမေရိကနိုင်ငံ ဆက်ဆံရေးများတွင် တန်းတူညီမျှမှု ၊ နှစ်ဖက်အပြန်အလှန်ကျိုးဖြစ်ထွန်းမှု ၊ တီထွင်ဆန်းသစ်မှု ၊ တံခါးဖွင့်မှု နှင့် ခေတ်သစ်တစ်ခုတွင် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှုတို့ဖြင့် ဖော်ဆောင်သွားရန် နှင့် တရုတ်-လက်တင်အမေရိက ကံကြမ္မာအကျိုးတူအသိုက်အဝန်းတစ်ခု ပူးတွဲတည်ဆောက်ရေး တိုးမြှင့်ဆောင်ရွက်သွားရန် တရုတ်နိုင်ငံအနေဖြင့် နီကာရာဂွေးနိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် အသင့်ရှိကြောင်း သံအမတ်ကြီးက ဆိုသည်။
နီကာရာဂွေးနိုင်ငံခြာရေးဝန်ကြီး Moncada က နီကာရာဂွေးနိုင်ငံနှင့်အတူ ညီရင်းအစ်ကိုချစ်ကြည်ရင်းနှီးမှုတစ်ခုအတွက် တရုတ်နိုင်ငံခေါင်းဆောင်များ ၊ အစိုးရ နှင့် ပြည်သူများကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ နီကာရာဂွေးနိုင်ငံ နှင့် တရုတ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးပြန်လည် ထူထောင်ခြင်းသည် နှစ်ဖက်ပြည်သူများ၏ ကျယ်ပြန့်သော ထောက်ခံအားပေးမှုကို ရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
နီကာရာဂွေးနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒ ကိုလက်ကိုင်ထားပြီး နိုင်ငံစုံဝင်ရိုးတန်းအခင်းအကျင်း ၊ ငြိမ်းချမ်းရေး ၊ လူမှုမျှတရေး နှင့် ညီမျှရေး တို့အပြင် လူသားဖွံ့ဖြိုးမှု နှင့် တိုးတက်မှု ဖော်ဆောင်ရေး ဆိုင်ရာ နိုင်ငံတကာအခင်းအကျင်းသစ်တစ်ခုကို ရှေးတိုးတွန်းအားပေးရန်အတွက် တရုတ်နိုင်ငံနှင့်အတူ လက်ချင်းချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
သံတမန်ဆက်ဆံရေးပြန်လည် ထူထောင်ပြီးနောက်တွင် နီကာရာဂွေးနှင့် တရုတ်နိုင်ငံတို့သည် သံတမန်ဆက်ဆံရေး ၊ ချစ်ကြည်ရေး နှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး စင်မြင့်အသစ်တစ်ခုပေါ်သို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း ၊ နှစ်ဖက်စလုံးအနေဖြင့် ကုန်သွယ်ရေး ၊ သိပ္ပံ နှင့် နည်းပညာ ၊ ပညာရေး ၊ ကျန်းမာရေး ၊ ယဉ်ကျေးမှု နှင့် အနုပညာ ၊ အားကစား ၊ မီဒီယာ နှင့် သတင်းဆက်သွယ်ရေးနည်းပညာ စသည့် နယ်ပယ်မျိုးစုံတွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီး Moncada ကဆိုသည်။
နီကာရာဂွေးနိုင်ငံ သမ္မတ အကြံပေး Laureano Ortega Murillo က ပြည်သူဗဟိုပြုမှု ၊ စည်းလုံးညီညွတ်မှု ဆိုင်ရာ တရုတ်စံတန်ဖိုးများ နှင့် အားလုံးက လေးစားရသည့် အတော်အသင့်ချမ်းသာကြွယ်ဝသည့် လူမှုအသိုက်အဝန်းတစ်ခုဖော်ဆောင်ရေး ၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး နှင့် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်မှုတွင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးဖော်ရွေးမှုများကို နီကာရာဂွေးနိုင်ငံအနေဖြင့် အပြည့်အဝ အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။
နီကာရာဂွေး-တရုတ် ဆက်ဆံရေး တိုးတက်ဖွံ့ဖြိုးရန်အတွက် နှစ်ဖက်စလုံးအနေဖြင့် နှစ်ဖက်အပြန်အလှန်ဖလှယ်မှုမြှင့်တင်ရေး ၊ ညီရင်းအစ်ကိုဆက်ဆံရေးတွန်းအားပေးရေး နှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းမည့် ဆက်ဆံရေးများ တိုးမြှင့်ရေး ၊ ဘုံတိုးတက်မှု နှင့် ဖွံ့ဖြိုးမှုကို ပါဝင်ဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲ အစီအစဉ်တစ်ခုချမှတ်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ယင်းသံရုံးဖွင့်လှစ်ပွဲအခမ်းအနားသို့ နီကာရာဂွေးအမျိုးသားလွှတ်တော်ဥက္ကဌ ၊ ဗဟို နှင့် ဒေသဆိုင်ရာအစိုးရအရာရှိကြီးများ ၊ စစ်ဘက် နှင့် ရဲဘက်ဆိုင်ရာ အရာရှိများ ၊ နီကာရာဂွေးနိုင်ငံရှိ နိုင်ငံခြားသံတမန်များ နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၊ တရုတ်ကုမ္ပဏီများ နှင့် နီကာရာဂွေးနိုင်ငံသို့ ရောက်ရှိနေသော တရုတ်လူမျိုးများ စသည်ဖြင့် ဧည့်ပရိသတ် ၂၀၀ ကျော်တက်ရောက်ခဲ့ကြသည်။
၂၀၂၁ ခုနှစ်ဒီဇင်ဘာ ၁၀ ရက်တွင် တရုတ်နိုင်ငံ နှင့် နီကာရာဂွေးနိုင်ငံ တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် နီကာရာဂွေးနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် သဘောတူညီမှုတစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပြီး သံအမတ်ကြီးအဆင့် သံတမန်ဆက်ဆံရေး ပြန်လည် ထားရှိရန် ၊ ယင်းသဘောတူလက်မှတ်ရေးထိုးပြီးချိန်မှစတင်၍ ချက်ချင်းအသက်ဝင်ရန် နှစ်နိုင်ငံအစိုးရတို့က တစ်ဖက်နှင့်တစ်ဖက် အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
…………………………………………
(Chinese Version)
China reopens its embassy in Nicaragua
MANAGUA, Jan. 1 (Xinhua) — China on Friday officially reopened its embassy in Nicaragua after the two countries resumed diplomatic relations on Dec. 10.
The ceremony, held at the new location of the embassy in the capital Managua, was inaugurated by Yu Bo, representative of the Chinese Foreign Ministry and Nicaraguan Foreign Minister Denis Moncada.
In his speech, Yu said that the one-China principle is the consensus of the international community and a universally recognized norm governing international relations. It shows an overriding trend that represents international justice and enjoys popular support.
Nicaragua’s decision to resume diplomatic relations with China not only conforms to the historical trend and the trend of the times, but also fully serves the fundamental and long-term interests of both countries, said Yu.
China welcomes the Nicaraguan side to actively participate in the Global Development Initiative and join the Belt and Road Initiative at an early date, said Yu, adding that China stands ready to work with Nicaragua and Latin American countries to build China-Latin America relations characterized by equality, mutual benefit, innovation, opening-up, and benefit for the people in a new era, and advance the joint building of a China-Latin America community with a shared future.
For his part, Moncada expressed his gratitude to the Chinese leaders, government and people for a brotherly friendship with Nicaragua. He said the resumption of diplomatic ties between Nicaragua and China is supported by the overwhelming majority of the two peoples.
Nicaragua will adhere to the one-China principle and join forces with China to move towards a new international order featuring multi-polarization, peace, social justice and equity as well as the realization of human development and progress, the foreign minister said.
After the resumption of diplomatic ties, Nicaragua and China have entered a new stage of diplomacy, friendship and cooperative relations, in which the two sides will carry out cooperation in various fields such as trade, science and technology, education, health, culture and art, sports, media and information technology, Moncada added.
Presidential Advisor Laureano Ortega Murillo said Nicaragua fully recognizes the Chinese values of people-oriented, solidarity and friendliness in China’s realization of a moderately prosperous society in all respects, poverty alleviation and cooperation in fighting against COVID-19.
The two sides will jointly formulate an agenda for developing Nicaragua-China ties, strengthen bilateral exchanges, enhance brotherhood and strengthen mutually beneficial relations, to take a path of common progress and development, he added.
More than 200 people attended the ceremony, including the president of Nicaragua’s National Assembly, central and local government officials, military and police officials, representatives of foreign missions and international organizations in Nicaragua, and representatives of Chinese companies and overseas Chinese in Nicaragua.
On Dec. 10, China and Nicaragua signed the joint communique on the resumption of diplomatic relations between the People’s Republic of China and the Republic of Nicaragua. The two governments have decided to recognize each other and resume diplomatic relations at the ambassadorial level, effective from the date of signature of this communique
China officially reopens its embassy in Managua, Nicaragua, Dec. 31, 2021, after the two countries resumed diplomatic relations on Dec. 10. (Xinhua/Xin Yuewei)