Connect with us

INTERNATIONAL ORGANIZATION

တောင်ကိုရီးယားနိုင်ငံ၌ စက်ရုံပေါက်ကွဲမှုကြောင့် လူ ၄ ဦး သေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ

တောင်ကိုရီးယားနိုင်ငံ၊ Gangwon ပြည်နယ်၊ Goseong ကောင်တီ ၌ ၂၀၂၀ပြည့်နှစ်၊ မေ ၂ ရက် အစောပိုင်းက မီးလောင်မှုဖြစ်ပွားနေသည်ကို မီးငြှိမ်းသတ်ရန် ကြိုးစားနေကြသော မီးသတ်သမားများအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း Yeosu မြို့ရှိ စက်ရုံပေါက်ကွဲမှုတွင် အလုပ်သမား ၄ ဦး သေဆုံးပြီး ၄ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း Yonhap သတင်းဌာနက ဖေဖော်ဝါရီ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၆ မိနစ် (ဂရင်းနစ်စံတော်ချိန် ၀၀၂၆) ခန့်တွင် ဆိုးလ်မြို့တော်၏ တောင်ဘက် ကီလိုမီတာ ၄၅၀ အကွာ ဆိပ်ကမ်းမြို့ ရှိ ရေနံဓာတုစက်ရုံတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာ၌ လုပ်သားရှစ်ဦးအနက် လေးဦးသေဆုံးခဲ့ပြီး လေးဦးအား အနီးနားရှိ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းတို့သည် ဒဏ်ရာအနည်းငယ် (သို့မဟုတ်) ဒဏ်ရာပြင်းထန်စွာရရှိထားကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပေါ်ခဲ့ခြင်းမရှိကြောင်း Yonhap သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ ပေါက်ကွဲမှုဖြစ်ရသော အကြောင်းရင်းကို ရဲနှင့် မီးသတ်သမားများမှ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
4 dead, 4 injured in S.Korean factory explosion
SEOUL, Feb. 11 (Xinhua) — Four workers were found dead and four others injured in a factory explosion in South Korea’s southern city of Yeosu, Yonhap news agency reported Friday.
The explosion occurred at about 9:26 a.m. local time (0026 GMT) at a petrochemical factory in the port city, some 450 km south of the capital Seoul.
Of the combined eight workers who were at the scene of the explosion, four died and four were sent to a nearby hospital for minor or serious injuries.
The explosion did not lead to a fire, according to Yonhap. Police and firefighters were investigating the cause of the explosion. Enditem