Connect with us

Europe

ရုရှားနိုင်ငံက မဟာမျိုးချစ်စစ်အောင်ပွဲနေ့ (V-Day)စစ်ရေးပြအခမ်းအနားကျင်းပ

ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီ၌ မေ ၉ ရက်တွင် ကျင်းပပြုလုပ်သည့် ၇၇ နှစ်မြောက် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ စစ်ရေးပြအခမ်းအနား၌ ရုရှားသမ္မတပူတင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

မော်စကို ၊ မေ ၁၀ ရက်(ဆင်ဟွာ)

၇၇ နှစ်မြောက် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်ပွဲ အောင်ပွဲနေ့(V-Day) အထိမ်းအမှတ်အခမ်းအနားအဖြစ် မေ ၉ ရက်တွင် မော်စကိုမြို့ ရင်ပြင်နီ၌ ရုရှားနိုင်ငံက စစ်ရေးပြချီတက်ပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ နှစ်ပတ်လည်ဂုဏ်ပြုအခမ်းအနား၌ တပ်ဖွဲ့ဝင်များ နှင့် တက်ရောက်လာသော ဧည့်သည်တော်များအား ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က မိန့်ခွန်းပြောကြားရာတွင် “နာဇီဝါဒကိုခြေမှုန်းပစ်ခဲ့တာရယ် ၊ ကျွန်ုပ်တို့အပေါ် ကျူးကျော်ရန်စမှုကို နှိမ်နင်းခဲ့တာရယ်ကို နောင်လာနောင်သားတွေ အမြဲအမှတ်ရနေဖို့ ဆက်လက်ထိန်းသိမ်းသွားရမဲ့တာဝန်ရှိပါတယ် ၊ ဒီလို ကြောက်မက်ဖွယ် ကမ္ဘာလုံးဆိုင်ရာစစ်ပွဲတွေ နောက်ထပ်တစ်ဖန် ထပ်မံမပေါ်ပေါက်လာဖို့ တက်နိုင်သမျှ အစွမ်းကုန်လုပ်သွားရမှာပါ ” ဟု ဆိုသည်။

ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီ၌ မေ ၉ ရက်တွင် ကျင်းပပြုလုပ်သည့် ၇၇ နှစ်မြောက် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနား၌ ရုရှားထုတ် S-400 လေကြောင်းကာကွယ်ရေးစနစ်အားတွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံသည် တန်တူညီမျှပြီး သီးခြားလွတ်လပ်သော လုံခြုံရေးစနစ်တစ်ခု ဖန်တီးရန်အတွက် အစဉ်တစ်စိုက်ကြိုးပမ်းလုပ်ဆောင်ခဲ့ပြီး ယင်းမှာ ကမ္ဘာ့အသိုင်းအဝိုင်းတစ်ခုလုံးအတွက် အလွန်အရေးပါသော စနစ်တစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီ၌ မေ ၉ ရက်တွင် ကျင်းပပြုလုပ်သည့် ၇၇ နှစ်မြောက် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ စစ်ရေးပြအခမ်းအနား၌ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu (ရှေ့) က တပ်ဖွဲ့ဝင်များကို စစ်ဆေးစဉ်(ဆင်ဟွာ)

ပူတင်က ပြီးခဲ့သောနှစ် ဒီဇင်ဘာလတွင် ရုရှားနိုင်ငံသည် လုံခြုံရေးဆိုင်ရာအာမခံချက် သဘောတူညီမှုတစ်ခုပေးရန် အဆိုပြုခဲ့ပုံ နှင့် တစ်ဖက်နှင့်တစ်ဖက် အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားပြီး ရိုးသားဖြောင့်မတ်သည့် တွေ့ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ရန် အနောက်နိုင်ငံများအား တောင်းဆိုခဲ့ပုံအကြောင်းကို ပြန်ပြောင်းရှင်းပြခဲ့သည်။
အချို့သောအနောက်နိုင်ငံများသည် “ ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းကြောင်းကို ကိုယ်လိုရာဆွဲပြီး လွဲမှားအောင် ပြုလုပ်နေကြတယ် ” ဟူ၍ ပူတင်က ပြစ်တင်ပြောကြားခဲ့ပြီး “ နာဇီဝါဒ နဲ့ စစ်မက်ဝါဒီများအပေါ် အနိုင်ယူ နှိမ်နင်းခဲ့ရာမှာ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ မဟာမိတ်စစ်တပ်အသီးသီးမှ စစ်သားအားလုံးကို ရုရှားအနေနဲ့ အလေးအနက် ဂုဏ်ပြုပါတယ်” ဟူ၍ ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီ၌ မေ ၉ ရက်တွင် ကျင်းပပြုလုပ်သည့် ၇၇ နှစ်မြောက် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ စစ်ရေးပြအခမ်းအနား၌ ရုရှားတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

သမ္မတပူတင်မိန့်ခွန်းမပြောကြားမီ ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Sergei Shoigu က အနက်ရောင် အမိုးပွင့်လင်မိုစင်းကားပေါ်မှနေ၍ ရင်ပြင်နီ၌တန်းစီနေရာယူထားသော ရုရှားတပ်ဖွဲ့ဝင်များကို လှည့်လည်စစ်ဆေးခဲ့ပြီး ၎င်းတို့အား ပျော်ရွှင်ဝမ်းမြောက်ဖွယ် စစ်အောင်ပွဲနေ့(Victory Day) အခါသမယ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့သည်။ ထိုအခါ ဝတ်စုံပြည့်ဝတ်ဆင်ထားသော ရုရှားဂုဏ်ပြုတပ်ဖွဲ့ဝင်များက “ပေးတဲ့ဆုနဲ့ပြည့်ပါစေ” ဟူ၍ ပြန်လည်ကြွေးကြော်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ရေးပြပွဲတွင် ရုရှားတပ်ဖွဲ့ဝင် ၁၁,၀၀၀ ကျော်သည် အဖွဲ့ငယ် စုဖွဲ့မှုပုံစံ ၃၃ ဖွဲ့ဖြင့် ရင်ပြင်နီကို ဖြတ်၍ ချီတက်အလေးပြုခဲ့ကြပြီး ၎င်းတို့နောက်တွင် ခေတ်မီစစ်လက်နက်များ နှင့် စစ်ဘက်သုံး ပစ္စည်းကိရိယာများတင်ဆောင်ထားသော စစ်ယာဉ်တန်းကြီးက လိုက်ပါချီတက်ခဲ့ကြောင်းသိရသည်။
စစ်ရေးပြပွဲကို အချိန် တစ်နာရီကြာခန့် ကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် ရာသီဥတုဆိုးရွားမှုကြောင့် လေကြောင်းချီ ဂုဏ်ပြုအလေးပြုမည့် အစီအစဉ်ကို ပယ်ဖျက်လိုက်ရကြောင်း သိရသည်။
ဂုဏ်ပြုတပ်ဖွဲ့များချီတက်အလေးပြုပြီးနောက်တွင် သမ္မတပူတင်သည် ကရင်မလင်နန်းတော်အပြင်ဘက်တွင် တည်ရှိသည့် အလက်ဇန္ဒားဥယျာဉ်ရှိ အညတရစစ်သည်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချခဲ့ကြောင်း သိရသည်။
ဒုတိယကမ္ဘာစစ်၏ မပါမဖြစ်အစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း ရုရှားတို့က နာဇီဂျာမနီများအပေါ် တိုက်ခိုက်အောင်မြင်ခဲ့သည့် မဟာမျိုးချစ်စစ်ပွဲ စစ်အောင်ပွဲအထိမ်းအမှတ်အခမ်းအနားကို ရုရှားနိုင်ငံတစ်ဝှမ်းရှိ မြို့ပေါင်း ၂၈ မြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ပွဲအတွင်း ရုရှားနိုင်ငံသည် စစ်သား နှင့် အရပ်သား နှစ်ခုပေါင်း ခန့်မှန်းခြေ လူပေါင်း ၂၇ သန်း အသက်ဆုံးရှုံးခဲ့ရကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။(Xinhua)

——————–
(English Version)
Russia holds military parade to mark V-Day

MOSCOW, May 9 (Xinhua) — Russia held a grand military parade in central Moscow’s Red Square on Monday to commemorate the 77th anniversary of the Soviet Union’s victory in the Great Patriotic War.
In an address to troops and guests ahead of the annual event, Russian President Vladimir Putin said, “it is our duty to keep the memory of those who crushed Nazism and bequeathed vigilance to us, and do everything so that the horror of a global war does not happen again.”

Russia has always advocated for creating a system of equal and indivisible security, a system that is vital for the entire world community, he said.
Putin recalled that in December last year Russia proposed concluding an agreement on security guarantees and called on the West to hold an honest dialogue taking into account each other’s interests.
Putin blasted some Western countries for “cynical falsifications of the history of World War II” and underscored that Russia honors all the soldiers of the Allied armies who defeated Nazism and militarism.

Before Putin’s speech, Russian Defense Minister Sergei Shoigu, in a black open-top limousine, reviewed the troops lined up on Red Square and wished them a happy Victory Day. The troops in full dress chanted “Hooray!” in reply.
About 11,000 soldiers in 33 formations marched across Red Square, followed by a mechanized convoy of 131 modern weapons and military equipment.
The ceremony lasted about one hour, and the aviation part of the parade was canceled due to weather conditions.

After the parade, Putin laid a wreath at the Tomb of the Unknown Soldier in Alexander Garden outside the Kremlin wall.
Military parades were held in 28 Russian cities to mark the victory in the Great Patriotic War (1941-1945) against Nazi Germany, an integral part of World War II. The Soviet Union lost roughly 27 million people, both soldiers and civilians, according to official statistics. ■
Photo(1) Russian President Vladimir Putin addresses a military parade in central Moscow’s Red Square to commemorate the 77th anniversary of the Soviet Union’s victory in the Great Patriotic War on May 9, 2022. (Kremlin photo)
Photo(2) S-400 air defense systems are seen during the military parade marking the 77th anniversary of the Soviet victory in the Great Patriotic War on Red Square in Moscow, Russia, May 9, 2022. (Xinhua/Bai Xueqi)
Photo(3) Russian Defense Minister Sergei Shoigu (front) reviews the troops on Red Square in Moscow, Russia, May 9, 2022. (Xinhua/Bai Xueqi)
Photo(4) Servicemen march during the military parade marking the 77th anniversary of the Soviet victory in the Great Patriotic War on Red Square in Moscow, Russia, May 9, 2022. (Xinhua/Bai Xueqi)
ပုံစာ(၁) ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီ၌ မေ ၉ ရက်တွင် ကျင်းပပြုလုပ်သည့် ၇၇ နှစ်မြောက် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ စစ်ရေးပြအခမ်းအနား၌ ရုရှားသမ္မတပူတင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)
ပုံစာ(၂) ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီ၌ မေ ၉ ရက်တွင် ကျင်းပပြုလုပ်သည့် ၇၇ နှစ်မြောက် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ စစ်ရေးပြ အခမ်းအနား၌ ရုရှားထုတ် S-400 လေကြောင်းကာကွယ်ရေးစနစ်အားတွေ့ရစဉ်(ဆင်ဟွာ)
ပုံစာ(၃) ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီ၌ မေ ၉ ရက်တွင် ကျင်းပပြုလုပ်သည့် ၇၇ နှစ်မြောက် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ စစ်ရေးပြအခမ်းအနား၌ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu (ရှေ့) က တပ်ဖွဲ့ဝင်များကို စစ်ဆေးစဉ်(ဆင်ဟွာ)
ပုံစာ(၄) ရုရှားနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီ၌ မေ ၉ ရက်တွင် ကျင်းပပြုလုပ်သည့် ၇၇ နှစ်မြောက် ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်ပွဲအောင်ပွဲနေ့ စစ်ရေးပြအခမ်းအနား၌ စစ်ရေးပြရုရှားတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)