Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် နိုင်ငံ အလက်စကား ပြည်နယ် အုပ်ချုပ်ရေးမှူး တွေ့ဆုံ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် မာအာလာဂို စံအိမ် တွင် တွေ့ဆုံခဲ့စဉ်(ဆင်ဟွာ)

အန်ကောရေ့စ် ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဒေသစံတော်ချိန် ဧပြီလ ၇ ရက်နေ့က အမေရိကန် နိုင်ငံ အလက်စကား ပြည်နယ် အုပ်ချုပ်ရေးမှူး Bill Walker နှင့်တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

တွေ့ဆုံမှု တွင် ရှီကျင့်ဖိန် က ယခု အကြိမ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ၏ ဖိတ်ကြားမှု အရ လာရောက်လည်ပတ်ခြင်းသည် ခေတ်သစ် တရုတ်-အမေရိကန် ဆက်ဆံရေး ၏ ဦးတည်ချက် ကို အတည်ပြု ရန် အတွက် ဖြစ်ကြောင်း ၊ သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံမှု သည် အလွန်အောင်မြင်ပြီး သဘောတူညီမှု များစွာ ရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် သမ္မတ ရှီကျင့်ဖိန် က ဒေသတွင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သည် တရုတ်-အမေရိကန် ဆက်ဆံရေး ၏ အဓိက အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ နှင့် အလက်စကား ပြည်နယ် အကြား ကုန်ထုတ်လုပ်ငန်း တွင် အပြန်အလှန် ဖြည့်စွက်နိုင်မှု အားကောင်းပြီး နှစ်ဘက် ပူးပေါင်းဖလှယ်မှုတွင်လည်း တိုးတက်မှု များစွာ ရရှိခဲ့ကာ အနာဂတ် အတွက် အလားအလာကောင်းများစွာ ရှိကြောင်း ၊ နှစ်ဘက် အနေဖြင့် ကဏ္ဍအသီးသီး ပူးပေါင်းဖလှယ်မှု များဖြင့် ပြည်သူလူထု အကြား ချစ်ကြည်ရေး ကို တွန်းအားပေး နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အလက်စကား ပြည်နယ် အုပ်ချုပ်ရေးမှူး Bill Walker က တရုတ် နိုင်ငံ သည် အလက်စကား ပြည်နယ် ၏ အရေးပါသည့် ကုန်သွယ်ဖက် မိတ်ဆွေ နိုင်ငံ ဖြစ်ပြီး အကြီးဆုံးသော ရေထွက်ကုန်ပစ္စည်း တင်ပို့ခဲ့သည့် နိုင်ငံ ဖြစ်ကြောင်း ၊ အလက်စကား ပြည်နယ် သည် သဘာဝ အရင်းအမြစ် ကြွယ်ဝသောကြောင့် တရုတ် နိုင်ငံ နှင့် အတူ စိုက်ပျိုးရေး ၊ ရေလုပ်ငန်း ၊ လောင်စာဆီ လုပ်ငန်း ၊ တွင်းထွက် လုပ်ငန်း နှင့် ခရီးသွားလုပ်ငန်း စသည့် လုပ်ငန်းတို့တွင် အနီးကပ် ဖလှယ်မှု ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ချစ်ကြည်ရေး ခရီးစဉ် အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံဆွေးနွေးမှု အပြီး အပြန်ခရီး၌ Anchorage မြို့တွင် ရပ်နားစဉ် အတွင်း အလက်စကား ပြည်နယ် အုပ်ချုပ်ရေးမှူး နှင့် တွေ့ဆုံ ခဲ့ခြင်း ဖြစ်သည်။(Xinhua)