Connect with us

Politics, Law & Military

တရုတ်သမ္မတ ရှီ ဖင်လန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံ ခရီးစဉ်များအပြီး ပေကျင်းသို့ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇနီး ဖုန်းလိယွမ် တို့ ဖင်လန်နိုင်ငံသို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖင်လန်နိုင်ငံ ခရီးစဉ် နှင့် တရုတ်-အမေရိကန်သမ္မတများ တွေ့ဆုံပွဲ အတွက် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ရှိ မာအာလာဂိုစံအိမ်တော်သို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် ဧပြီ ၈ ရက်ညနေပိုင်းတွင် ပေကျင်းမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

သမ္မတရှီကျင့်ဖိန်သည် ဖင်လန်နိုင်ငံသမ္မတ Sauli Niinisto နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့၏ ဖိတ်ကြားချက်အရ ဖင်လန်နိုင်ငံသို့ ဧပြီလ ၄ရက်မှ ၆ရက်အထိ သွားရောက်လည်ပတ်ခဲ့ပြီး ဧပြီလ ၆ရက်မှ ၇ ရက်အထိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှီ၏ အပြန်ခရီးစဉ်တွင် ၎င်း၏ ဇနီး ဖုန်းလိယွမ်၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ မူဝါဒဆိုင်ရာ သုတေသနရုံး ညွှန်ကြားရေးမှူး ဝမ်ဟူနင်း၊ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ် ဝမ်ယန်၊ တရုတ်ကွန်မြူနစ်ပါတီ(CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟို ကော်မတီ အတွင်းရေးမှူးရုံး အဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ် ပါတီ(CPC) ဗဟိုကော်မတီ ၏ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒါရိုက်တာ လိကျန့်ဆူး၊ နိုင်ငံတော် ကောင်စီဝင် ယန်ကျဲ့ချီ တို့ပြန်လည်လိုက်ပါလာခဲ့ကြောင်း သိရသည်။ (Xinhua)