Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ နှင့် အမေရိကန် နိုင်ငံ သမ္မတ တို့၏ ဒုတိယ မြောက်နေ့ တရားဝင် တွေ့ဆုံဆွေးနွေးမှု ကျင်းပ


မာအာလာဂို ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တို့၏ ဒုတိယ မြောက်နေ့ တရားဝင် တွေ့ဆုံဆွေးနွေးမှု ကို ဒေသစံတော်ချိန် ဧပြီလ ၇ ရက်နေ့ က အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် ရှိ မာအာလာဂို စံအိမ် တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင် တို့မှ တရုတ်-အမေရိကန် အပြန်အလှန် အရေးကြီး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နှင့် အတူတကွ စိတ်ဝင်စားသည့် နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ် များအပေါ် သဘောထား အမြင်များ ဖလှယ်ခဲ့ကာ နှစ်နိုင်ငံ အတူတကွ ကြိုးပမ်း၍ အပြန်အလှန် အကျိုးဖြစ်ထွန်း စေမည့် ပူးပေါင်း ဆောင်ရွက်မှု များကို တိုးချဲ့ သွားပြီး အပြန်အလှန် လေးစားမှုရှိခြင်းကို အခြေခံကာ သဘောထား ကွဲလွှဲမှု များကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း သဘောတူညီ ခဲ့ကြသည်။

တွေ့ဆုံ ဆွေးနွေးမှု တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ယခု တွေ့ဆုံမှု သည် တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်ဖွံ့ဖြိုးစေရန် အတွက် ထူးခြားသည့် အနက်အဓိပါ္ပယ် များရှိကြောင်း ၊ အမေရိကန် သမ္မတ နှင့် အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ပြီး နားလည်မှု နှင့် ယုံကြည်မှု များ နက်ရှိုင်းစွာ တိုးမြှင့် စေခဲ့ပြီး အရေးကြီးသည့် သဘောတူညီချက်များလည်း ရရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် တည်ဆောက် နိုင်ခဲ့ပြီး ဖြစ်သည့် နှစ်နိုင်ငံ ဆက်ဆံရေး ကို ပိုမို ခိုင်မာအောင် ဆောင်ရွက်ကာ ကမ္ဘာ့ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် နှစ်နိုင်ငံ ၏ သမိုင်းပေး တာဝန် ကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တို့တွေ့ဆုံ ဆွေးနွေး ခဲ့စဉ် (ဆင်ဟွာ)

ရှီကျင့်ဖိန် က တရုတ်-အမေရိကန် နှစ်နိုင်ငံ သည် လက်ရှိချိန်တွင် အပြန်အလှန် အကြီးဆုံးသော ကုန်သွယ်ဖက် နိုင်ငံ များဖြစ်ခဲ့ကြပြီး နှစ်နိုင်ငံ ပြည်သူလူထု တို့မှလည်း အကျိုးရလဒ်များကို ခံစား စေခဲ့ရကြောင်း ၊ တရုတ် နိုင်ငံ စီးပွားရေး သည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်သည့် အခြေအနေ ကို ထိန်းသိမ်း နိုင်ခဲ့ပြီး တရုတ်-အမေရိကန် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အနာဂတ် အလားအလာ သည်လည်း လွန်စွာ ကောင်းမွန်နေကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံအား “ခေတ်သစ်ပိုးလမ်းမကြီး” မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်သွားရန် ဖိတ်ခေါ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တို့တွေ့ဆုံ ဆွေးနွေး ခဲ့စဉ် (ဆင်ဟွာ)

စစ်ဘက်ဆိုင်ရာ နှင့် ပတ်သက်၍ ရှီကျင့်ဖိန် က နှစ်နိုင်ငံစစ်ရေး ဆက်ဆံမှု သည် တရုတ်-အမေရိကန် ဆက်ဆံရေး ၏ အရေးကြီး အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေး အပြန်အလှန် ယုံကြည်မှု သည် တရုတ်-အမေရိကန် မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှု ၏ အခြေခံဖြစ်ကြောင်း ၊ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အရာရှိများ အပြန်အလှန် တွေ့ဆုံဆွေးနွေးမှု များကို ထိန်းသိမ်းသွားပြီး အရေးကြီး စစ်ရေးလုပ်ရှားမှု များအား အပြန်အလှန် အကြောင်းကြား သည့် ယုံကြည်မှု ယန္တရား နှင့် ရေကြောင်း/လေကြောင်း တွေ့ဆုံမှု များတွင် ဆောင်ရွက်ရမည့် လုံခြုံရေး ဆိုင်ရာ လိုက်နာကျင့်သုံးရသော အချက်အလက် ယုံကြည်မှု ယန္တရား တို့ကို အဆက်မပြတ် ပိုမို ကောင်းမွန်အောင် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တို့တွေ့ဆုံ ဆွေးနွေး ခဲ့စဉ် (ဆင်ဟွာ)

ရှီကျင့်ဖိန် က တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နှင့် တရားဥပဒေ စိုးမိုရေး ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့် သွားပြီး အင်တာနက် လုံခြုံရေး ကဏ္ဍတွင် တွေဆုံဆွေးနွေးမှု ယန္တရား အသုံးပြုကာ ငြိမ်းချမ်းသော ၊ လုံခြုံသော ၊ ပွင့်လင်းသော ၊ ပူးပေါင်းဆောင်ရွက်သော ၊ အစီအစဉ် ကျနသော အင်တာနက် ပတ်ဝန်းကျင် ရရှိအောင် အတူတကွ တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လက်ရှိချိန်တွင် အဂတိ လိုက်စားမှု ကို အလုံးစုံ တိုက်ဖျက်နေသောကြောင့် အမေရိကန် အနေဖြင့် ထွက်ပြေး တိမ်းရှောင်သူများ ဖမ်းဆီးရေး တွင် တရုတ် နိုင်ငံ နှင့် ပိုမို ပူးပေါင်း ဆောင်ရွက်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ရှီကျင့်ဖိန် က ယဉ်ကျေးမှု ဖလှယ်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေး ၏ အခြေခံဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြားတွင် ချစ်ကြည်သော သံယောဇဉ် များရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် ယဉ်ကျေးမှု ဖလှယ်ခြင်း ၊ ပြည်သူလူထု အပြန်အလှန် ချစ်ကြည်သွားလာလည်ပတ်ခြင်း သင်ကြားရေး ကျောင်းများ ပူးပေါင်းဆောင်ရွက်ခြင်း ၊ ခရီးသွားလုပ်ငန်း ၊ အနုပညာလုပ်ငန်း ၊ အားကစား နှင့် ကျန်းမာရေး စသည့် ကဏ္ဍ အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် အား တရုတ် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အတွေးအခေါ် များကို မိတ်ဆက်ပေးခဲ့ပြီး တရုတ် နိုင်ငံ သည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် ကို ခိုင်မြဲစွာ လျှောက်လှမ်းမည် ကို အထူးပြောကြား ခဲ့ပြီး ကြီးနိုင်ငယ်ညှဉ်း လမ်းဟောင်းကြီး ကို လျှောက်လမ်း မည် မဟုတ်ကြောင်း ၊ အမေရိကန် နိုင်ငံ နှင့် အတူတကွ ကမ္ဘာ့ ငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကို ထိန်းသိမ်း သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ကောင်းမွန်စွာ ဆွေးနွေးနိုင်ခဲ့ပြီး ထူးခြားကောင်းမွန်သည့် ချစ်ကြည်ရေးကို တည်ဆောက်နိုင်ခဲ့ကြောင်း ၊ ယခု တွေ့ဆုံမှု တွင် အရေးကြီးသည့် အောင်မြင်မှု များကို ရရှိနိုင်ခဲ့ပြီး အမေရိကန်-တရုတ် ဆက်ဆံရေး ပိုမို တိုးတက်ဖွံ့ဖြိုးစေရန် အတွက် ကောင်းမွန်စွာ တွန်းအား ပေးနိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် တွေ့ဆုံဆွေးနွေးမှု နှင့် တိုက်ရိုက် ချိတ်ဆက် ဖလှယ်ခြင်းတို့မှ လက်တွေ့ကျသည့် တိုးတက်မှုများကို ရရှိနိုင်ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ကုန်သွယ်ရေး ၊ စစ်ရေး ၊ ယဉ်ကျေးမှု စသည့် ကဏ္ဍအသီးသီး တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ ၏ ထွက်ပြေးတိမ်းရှောင်သူများ ဖမ်းဆီးရေး ကို ထောက်ခံအားပေးကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ပူးပေါင်းကာ နှစ်နိုင်ငံ ဆက်ဆံရေး ကို အနှောက်အယှက်ဖြစ်စေသည့် အကြောင်းအရာ နှင့် ကိစ္စရပ်များကို ဖြေရှင်း သွားမည် ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကို ပိုမို တိုးတက်ဖွံ့ဖြိုးစေမည် ဖြစ်ကြောင်း ၊ အမေရိကန်-တရုတ် ဆက်ဆံရေး လုံးဝ ပိုမို တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အပြီး တွင် နှစ်နိုင်ငံခေါင်းဆောင် တို့မှ စံအိမ် အတွင်း အတူတကွ လမ်းလျှောက်ကာ နှစ်နိုင်ငံ ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံ ခေါင်းဆောင် တွေ့ဆုံ ဆွေးနွေးမှု မပြုလုပ်မီ နှစ်နိုင်ငံ မှ အစိုးရ အရာရှိ အသီးသီး တို့မှလည်း တွေ့ဆုံမှုများ ပြုလုပ် ခဲ့ကြပြီး တရုတ်-အမေရိကန် ဘက်စုံ စီးပွားရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု ယန္တရား နှင့် တရုတ်-အမေရိကန် နိုင်ငံခြားရေး လုံခြုံမှု ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု ယန္တရား တို့ကို စတင်နိုင်ခဲ့ပြီး သက်ဆိုင်ရာ ကိစ္စများအား နက်ရှိုင်းစွာ သဘောထား အမြင်များ ဖလှယ် ခဲ့ကြောင်း သိရှိရသည်။(Xinhua)