Connect with us

Media

တရုတ်နိုင်ငံ အလယ်ပိုင်းတွင် စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒုတိယ အမြင့်ဆုံး အရေးပေါ် သတိပေးချက် ထုတ်ပြန်

ဟဲနန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်တွင် စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အာဏာပိုင်များက ဒုတိယ အမြင့်ဆုံး အရေးပေါ် သတိပေးချက် ထုတ်ပြန်ပြီး ရေလွှမ်းမိုးမှုထိန်းချုပ်ရေးဆိုင်ရာ အဆင့် ၂ အဖြစ်တိုးမြှင့် ထုတ်ပြန်ထားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လက်ရှိတွင် လူပေါင်း ၂၅ ဦးသေဆုံးခဲ့ပြီး ၇ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ဇူလိုင် ၁၆ ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုသည် ပြည်သူ ၁.၂၄ သန်းကျော် အပေါ် အလွန်အကျိုးသက်ရောက်မှု ဖြစ်ခဲ့ရသည်။
ယင်းတို့အနက် ၁၆၄,၇၁၀ ဦးကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးထားပြီးဖြစ်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့ ညနေ ၆ နာရီဝန်းကျင်က ကျန်းကျိုး မြေအောက်ရထားများအားလုံး ဝန်ဆောင်မှုများ ရပ်နားခဲ့ရသည်။
ကျန်းကျိုးအရှေ့ဘက် ရထားဘူတာရှိ ရထားပေါင်း ၁၆၀ စင်းမှာ ရပ်တန့်သွားခဲ့ရပြီးနောက် ခရီးသည် အမြောက်အမြား ပိတ်မိနေခဲ့ကြသည်။
ဟဲနန်ပြည်နယ်ရှိ ရေလွှမ်းမိုးသည့်ဒေသသို့ ဟဲနန်ပြည်နယ်နှင့် အနီးရှိ ပြည်နယ် ၇ ခုမှ မီးသတ်ဝန်ထမ်းအဖွဲ့ပေါင်း ၁,၈၀၀ ဖွဲ့ အား လှေများ ၊ ရေစုပ်စက်များ နှင့် ရေလွှမ်းမိုးမှုကယ်ဆယ်ရေးကိရိယာများ နှင့်အတူ စေလွှတ်၍ ကူညီဆောင်ရွက်စေခဲ့သည်။

ဗုဒ္ဓဟူးနေ့ နံနက် ၅ နာရီတွင် ဟဲနန်ပြည်နယ်သို့ ကယ်ဆယ်ရေးလုပ်ဆောင်ရန်မီးသတ်ဝန်ထမ်းပေါင်း ၁၇,၂၈၀ ဦးအား စေလွှတ်ခဲ့ပြီးဖြစ်သည်။
ကျန်းကျိုးပြည်နယ်တွင် ပြတ်တောက်သွားခဲ့သည့် ဆက်သွယ်ရေးကွန်ရက်များအား ပြန်လည်ရရှိစေရန် ဒေသတွင်းဆက်သွယ်ရေးကုမ္ပဏီများက ဖုန်းအခြေစိုက်စခန်း ၆,၃၀၀ နှင့် မြေ‌အောက်ကေဘယ်လ်ကြိုး ၂၇၅ ကီလိုမီတာ ခန့်အား ဗုဒ္ဓဟူးနေ့ အစောပိုင်း၌အမြန် ပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

ဟဲနန်ပြည်နယ်တွင် ပြီးခဲ့သည့် အင်္ဂါနေ့၌ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ကျန်းကျိုးမြို့သည် ဒေသတွင်း မိုးလေဝသ စံချိန်တွင် အမြင့်ဆုံးအဆင့်သို့ ကျော်လွန်ရောက်ရှိခဲ့ကြောင်း အရေးပေါ်အခြေအနေထိန်းချုပ်‌‌ရေးဝန်ကြီးဌာနက (MEM) က ထုတ်ပြန်ထားသည်။ (Xinhua)

……………………………..
(English Version)
GLOBALink | China on second-highest emergency response as downpours, flooding continue in Henan

ZHENGZHOU, July 21 (Xinhua) — Chinese authorities on Wednesday raised the emergency response for flood control to Level II, the second-highest level in the response system, as heavy downpours continued to lash the central China province of Henan.

Chinese authorities on Wednesday raised the emergency response for flood control to Level II, the second-highest level in the response system, as heavy downpours continued to lash the central China province of Henan.

Extremely heavy rainfall hit Henan on Tuesday, with precipitation in Zhengzhou, the provincial capital, exceeding the highest level on local weather records, according to the Ministry of Emergency Management (MEM).

A rescue team of 1,800 firefighters has been deployed to the flood-hit region in Henan from seven neighboring provinces, together with boats, pumping vehicles and flood rescue kits.

As of 5 a.m. Wednesday, Henan had also dispatched 17,280 firefighters to help with the rescue work.
To restore the storm-damaged communication networks in Zhengzhou, local telecommunication companies have rushed to repair at least 6,300 base stations and 275 km of optical fiber cables as early Wednesday.

Extremely heavy rainfall hit Henan on Tuesday, with precipitation in Zhengzhou, the provincial capital, exceeding the highest level on local weather records, according to the Ministry of Emergency Management (MEM).

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.