Connect with us

Media

တရုတ်နိုင်ငံရှိ FAW မော်တော်ယာဉ် အမှတ်တံဆိပ်က အစီးရေ ၈ သန်းမြောက် မော်တော်ယာဉ်ထုတ်လုပ်

ချန်းချွန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းမော်တော်ယာဉ်ထုတ်လုပ်ငန်းစုကြီးဖြစ်သော FAW မော်တော်ယာဉ်လုပ်ငန်း၏ ကုန်တင်ကားထုတ်လုပ်ရေးလုပ်ငန်းခွဲ FAW Jiefang က အစီးရေ ၈ သန်းမြောက်ကုန်တင်ကား ကို အင်္ဂါနေ့တွင်ထုတ်လုပ်ခဲ့သည်။

ယခုနှစ် ပထမနှစ်ဝက်တွင် FAW Jiefang မော်တော်ယာဉ်ထုတ်လုပ်ငန်းမှ မော်တော်ယာဉ် အစီးရေပေါင်း ၂၆၇,၇၇၀ စင်း ထုတ်လုပ်နိုင်ခဲ့ပြီး နှစ်အလိုက် ၁၅.၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ထရပ်ကားအစင်းရေပေါင်း ၃၃၉,၂၃၀ စင်းရောင်းချနိုင်ခဲ့ရာ နှစ်အလိုက် ၂၁.၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ရောင်းချနိုင်ခဲ့သည်။

၁၉၅၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကျိလင်ပြည်နယ်တွင် ရုံးချုပ်အခြေစိုက်သည့် တရုတ်နိုင်ငံပိုင် FAW အမှတ်တံဆိပ်မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းစုသည် တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွင် အရှိန်အဝါကြီးသည့် လုပ်ငန်းတစ်ခုအဖြစ်ထင်ရှားသည်။ (Xinhua)

………………………………
GLOBALink | Chinese automaker FAW Jiefang produces 8 millionth vehicle

CHANGCHUN, July 14 (Xinhua) — FAW Jiefang, a truck subsidiary of China’s leading automaker FAW Group, saw its 8 millionth vehicle roll off the production line on Tuesday.

FAW Jiefang produced 267,770 complete vehicles in the first half of this year, up 15.3 percent year on year, and sold 339,230 trucks, up 21.9 percent year on year.

Founded in 1953 and headquartered in the northeastern province of Jilin, the state-owned FAW Group is known as the cradle of China’s auto industry.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.