Connect with us

Media

အစ္စရေးက ဂါဇာဒေသအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ် ၊ လူဒါဇင်နှင့်ချီ၍ သေဆုံး

ဂါဇာ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

စစ်ဘေးဒဏ်သင့် ဂါဇာကမ်းမြောင်ဒေသရှိ နေရာအသီးသီးအား အစ္စရေးတို့က ဒီဇင်ဘာ ၃ ရက်တွင် လေကြောင်း တိုက်ခိုက်မှုအသစ်များ ပြုလုပ်ခဲ့ပြီး လူများ ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း ဟားမက်စ်၏ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစ္စရေးလေကြောင်းတိုက်ခိုက်မှုများက ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း Jabalia စခန်းရှိ လူဦးရေထူထပ်သော လူနေအဆောက်အအုံအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ကယ်ဆယ်ရေးသမားများနှင့် ဆေးဝန်ထမ်းများက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နာရီပိုင်းအတွင်း လူ ၃၇ ဦး သေဆုံးကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
Israel launches airstrikes on Gaza, dozens killed: ministry
The Hamas-run Health Ministry said that Israel launched new airstrikes on various areas in the war-torn Gaza Strip on Sunday, resulting in dozens killed and wounded.
Rescue workers and medics told Xinhua that Israeli airstrikes targeted a populated residential building in the Jabalia Camp in the northern Strip. Thirty-seven people were killed and were transferred to the hospital over the past few hours.
Xinhua News Agency correspondents reporting from Gaza.(XHTV)