Connect with us

Media

ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားရန် တရုတ်နိုင်ငံ တိုက်တွန်း

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆီးရီးယား နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

အချိန်အတိုင်းအတာတစ်ခုအတွင်း ဆီးရီးယားနိုင်ငံ၏လုံခြုံရေးအခြေအနေသည် မငြိမ်မသက် ဖြစ်ပွားလျက်ရှိကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ တူရကီက ဆီးရီးယားနိုင်ငံမြောက်ပိုင်းသို့ လေကြောင်း၊အမြောက်ဖြင့် ကြိမ်ပေါင်းများစွာ တိုက်ခိုက်ပြီး ဆီးရီးယားကို မြေပြင်စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ခြိမ်းခြောက်လျက်ရှိကြောင်း၊ အစ္စရေးကလည်း ဆီးရီးယားနယ်နိမိတ် ပစ်မှတ်များကို ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ကြောင်း ၊ ဆီးရီးယားသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု ဖြစ်ရာ ၎င်းနယ်နိမိတ်အတွင်း မည်သည့် စစ်ရေးလှုပ်ရှားမှုမဆို ဆီးရီးယားအစိုးရ၏သဘောတူညီမှုမရရှိလျှင် မည်သည့်အမည်နာမနှင့်မဆို လုပ်ဆောင်ခြင်းက ဆီးရီးယား၏အချုပ်အခြာအာဏာနှင့်နယ်မြေပိုင်နက်ပြည့်စုံမှုကို ထိပါးရာရောက်ကြောင်း ပြောကြားခဲ့သည်။ တူရကီနှင့်အစ္စရေး၏ နယ်နိမိတ်ဖြတ်ကျော်တိုက်ခိုက်နေမှုများ ချက်ချင်းရပ်တန့်ရန်နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် သက်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ၊ နိုင်ငံခြားစစ်တပ် ဆီးရီးယားနယ်နမိတ်အတွင်း တရားမဝင် အခြေစိုက်မှုများ အဆုံးသတ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားပြဿနာ သင့်လျော်စွာ ဖြေရှင်းရေး၏ နောက်ဆုံးက နိုင်ငံရေးနည်းလမ်းသာ ဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ နိုင်ငံရေး ဖြေရှင်းမှု လျင်မြန်လေ ပြည်သူလူထု၏အခက်အခဲများက ဆောလျဉ်းစွာ အဆုံးသတ်နိုင်လေ ဖြစ်ကြောင်း ဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၂၅၄ သည် ဆီးရီးယားနိုင်ငံရေးဖြစ်စဉ်အပေါ် နိုင်ငံတကာအသိုက်အဝန်း၏ သဘောတူညီချက် ဖြစ်ရာ ဘက်စုံ အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း ၊ နယ်စပ်ဖြတ်ကျော် ကူညီကယ်ဆယ်ရေးသည် အထူးအခြေအနေတွင် ဆောင်ရွက်ရသော ယာယီ အစီအစဉ်ဖြစ်ရာ နောက်ဆုံးတွင် စနစ်တကျ စည်းမျဉ်းဖြတ်ကျော် ကူညီကယ်ဆယ်မှုအသွင်ကို ကူးပြောင်းရမည် ဖြစ်ကြောင်း ၊ နိုင်ငံတကာအသိုက်အဝန်းက နယ်စပ်ဖြတ်ကျော်ကူညီကယ်ဆယ်မှုအင်အားကို စည်းမျဉ်းဖြတ်ကျော် ကူညီကယ်ဆယ်ရေးအသွင်သို့ တွန်းအားပေးရမည် ဖြစ်ကြောင်း ၊ စည်းမျဉ်းဖြတ်ကျော် ကူညီကယ်ဆယ်မှုတွင် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်း ဖူလုံရန်နှင့် ငွေကြေးပံ့ပိုးမှု ပြဿနာကို ဦးစားပေး ဖြေရှင်းရမည် ဖြစ်ပြီး ဘက်ပေါင်းစုံညှိနှိုင်းမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်၍ စည်းမျဉ်းဖြတ်ကျော် ကူညီကယ်ဆယ်မှုများကို ဆီးရီးယားနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဓိကလမ်းကြောင်းဖြစ်အောင် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစောပိုင်းကာလ ပြန်လည်ထူထောင်ရေးစီမံကိန်းများက ဆီးရီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၏ပြည်တွင်းတွန်းအားကို အထောက်အပံ့ဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။

ကူညီလှူဒါန်းသူများက ဆီးရီယားပြည်သူများ၏အကျိုးစီးပွားကို အခြေခံထားပြီး အစောပိုင်းပြန်လည်ထူထောင်ရေး စီမံကိန်းများကို ကန့်သတ်ချက်မထားဘဲ ငွေကြေးအပြည့်အဝ ထောက်ပံ့မှုများ ပြုလုပ်ကာ ဆီးရီးယားနယ်နိမိတ်အတွင်း စီမံကိန်းများ မျှတစွာ ဖော်ဆောင်နိုင်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ စစ်ကျန် ပေါက်ကွဲစေတတ်သောပစ္စည်းများက ဆီးရီးယားပြည်သူများ၏ ပုံမှန်နေထိုင်မှုဘဝအပေါ် အလွန်ကြီးမားသော သက်ရောက်မှု ရှိရာ သက်ဆိုင်ရာကဏ္ဍများကို အစောပိုင်း ပြန်လည်ထူထောင်ရေးအဖြစ် ဆောလျဉ်းစွာ ထားရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုနှင့်အတူ ဖြစ်ပွားလာသော အတိုင်းထက်အလွန်လုပ်ဆောင်မှုများက လုံခြုံရေးကောင်စီနှင့်နိုင်ငံတကာအသိုက်အဝန်း၏ လူသားချင်းစာနာထောက်ထားမှုများ ဝင်ရောက်ရေးနှင့် တိုးပွားအောင် ဆောင်ရွက်ရေး ကြိုးပမ်းမှုများနှင့် ဆန့်ကျင်နေကြောင်း၊ သက်ဆိုင်ရာနိုင်ငံများက ဆီးရီးယားအပေါ်ထားရှိသော တစ်ဖက်သတ်အရေးယူပိတ်ဆို့မှုများကို ချက်ချင်းပယ်ဖျက်ရန် တရုတ်နိုင်ငံက ထပ်မံ တိုက်တွန်းကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)
(国际)中方呼吁尊重叙利亚主权和领土完整

新华社联合国12月21日电中国常驻联合国副代表耿爽21日在安理会叙利亚政治人道问题公开会上发言,呼吁尊重叙主权和领土完整。
耿爽说,一段时间以来,叙利亚安全形势持续动荡。土耳其对叙北部多次空袭和炮击,继续威胁对叙采取地面军事行动。以色列频繁袭击叙境内目标。叙利亚是一个主权国家。任何在叙境内的军事行动,只要未征得叙政府同意,无论是何种名义,都构成对叙主权和领土完整的侵犯。中方呼吁土耳其和以色列立即停止跨境袭击,坚持通过对话协商解决有关问题。外国军队在叙境内的非法驻扎也必须结束。
耿爽说,叙利亚问题的妥善解决,归根结底要通过政治手段。政治解决来得越快,民众的苦难就结束得越早。安理会第2254号决议代表了国际社会在叙政治进程问题上的共识,应得到全面落实。跨境救援是特殊形势下做出的临时性安排,最终要逐步有序向跨线救援过渡。国际社会要拿出推动跨境救援的力度推动跨线救援,优先解决跨线救援所需的物资保障和资金供应问题,同各方加紧协调,推动跨线救援尽早成为对叙人道救援的主渠道。
耿爽说,早期恢复项目有助于培育叙利亚发展的内生动力。中方敦促所有捐助方从全体叙利亚人民的福祉出发,为早期恢复项目提供不设前提的、充足的资金支持,并实现项目在叙境内的均衡落地。战争遗留爆炸物对叙民众正常生产生活造成极大影响,中方期待相关领域尽早纳入早期恢复范畴。单边制裁以及由此带来的过度执行问题同安理会和国际社会改善叙人道准入、增加叙人道资源的努力背道而驰。中方再次呼吁有关国家立即解除对叙利亚的单边强制措施。(完)