Connect with us

Media

တရုတ်နိုင်ငံက မွန်ဂိုလီးယားနိုင်ငံသို့ ဟင်းသီးဟင်းရွက် နှင့် အသီးအနှံ တင်ပို့သည့်လမ်းကြောင်းသစ် ဖွင့်လှစ်

ဟူးဟော ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Ganqmod ဆိပ်ကမ်းမှတစ်ဆင့် မွန်ဂိုလီးယားနိုင်ငံသို့ ဒီဇင်ဘာ ၁၉ ရက်တွင် လတ်ဆတ်သော လယ်ယာထွက်ကုန် ၁၈.၅ တန် တင်ပို့ခဲ့ခြင်းဖြင့် ဟင်းသီးဟင်းရွက် နှင့် အသီးအနှံ တင်ပို့သည့်လမ်းကြောင်းသစ်အား စတင်ခဲ့ကြောင်း သိရသည်။

ပန်းသီး ၊ သစ်တော်သီး ၊ ခရမ်းချဉ်သီး နှင့် သခွားသီးများ အပါအဝင် ဟင်းသီးဟင်းရွက် နှင့် အသီးအနှံ ၁၈ မျိုးအား သယ်ဆောင်လာသည့် ကုန်တင်ယာဉ်များသည် Bayan Nur မြို့ရှိ ကုန်းတွင်းဆိပ်ကမ်းအား ဖြတ်သန်းကာ မွန်ဂိုလီးယားနိုင်ငံ South Gobi ပြည်နယ်သို့ ဦးတည်သွားလာခဲ့ပြီး ယင်းပြည်နယ်သည် သတ္တူတူးဖော်ရေး နေရာတွင် လူဦးရေ တိုးပွားလာခြင်းကြောင့် လယ်ယာထွက်ကုန်များ ဝယ်လိုအား ဆက်တိုက်မြင့်တက်နေကြောင်း သိရသည်။

ယခင်က အသီးအနှံ ၊ ဟင်းသီးဟင်းရွက် နှင့် အခြားနေ့စဉ်သုံးပစ္စည်းများအား တရုတ်-မွန်ဂိုလီးယား နယ်စပ်ရှိ အကြီးဆုံး ကုန်းတွင်းဆိပ် ဖြစ်သည့် Erenhot မှတစ်ဆင့် မွန်ဂိုလီးယားနိုင်ငံ၏ မြို့တော် အူလန်ဘာတာမြို့သို့ သယ်ယူပို့ဆောင်ခဲ့ပြီးနောက် South Gobi ပြည်နယ်သို့ ရောက်ရှိခဲ့ကြောင်း Bayan Nur မြို့ ဆိပ်ကမ်းစီမံခန့်ခွဲမှုရုံး၏ လက်ထောက်ညွှန်ကြားရေးမှူး Lyu Xiaojun က ပြောကြားခဲ့သည်။

သယ်ယူပို့ဆောင်ရေး အကွာအဝေးအသစ်သည် ကီလိုမီတာ ၁,၅၀၀ ခန့် တိုတောင်းပြီး ကုန်ကျစရိတ်များအား လျော့ကျစေပြီး ထုတ်ကုန်များ၏ လတ်ဆတ်မှုကို ထိန်းသိမ်းပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

“Ganqmod ဆိပ်ကမ်းကနေ မွန်ဂိုလီးယားနိုင်ငံကို ဒီတင်ပို့မှုလမ်းကြောင်းသစ်နဲ့ ကျွန်တော်တို့ မြို့က စီးပွားရေးလုပ်ငန်းတွေက အရည်အသွေးမြင့် အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေကို တင်ပို့နိုင်တော့မှာ ဖြစ်ပါတယ်။ ဒါက ပြည်တွင်း နဲ့ နိုင်ငံတကာဈေးကွက် လည်ပတ်မှု နှစ်မျိုး တိုးတက်ရေးအတွက် အလွန်အရေးပါပါတယ်။”ဟု Bayan Nur မြို့ ဆိပ်ကမ်းစီမံခန့်ခွဲမှုရုံး၏ လက်ထောက်ညွှန်ကြားရေးမှူး Lyu Xiaojun က ပြောကြားခဲ့သည်။ (Xinhua)

…………………………………
(English Version)
China opens new veg, fruit export channel to Mongolia
China has launched a new export channel of vegetables and fruits to Mongolia with 18.5 tonnes of fresh produce transported via Ganqmod Port, north China’s Inner Mongolia Autonomous Region, on Monday.
Trucks carrying 18 types of vegetables and fruits, including apples, pears, tomatoes and cucumbers, went through the land port in Bayan Nur City, heading for Mongolia’s South Gobi province where the demand for agricultural products keeps rising due to a growing population in its mining area.
In the past, fruits, vegetables, and other daily necessities were transported to Ulan Bator, the capital of Mongolia, via Erenhot, the largest land port on the China-Mongolia border, and then to South Gobi, said Lyu Xiaojun, deputy director of the port management office of Bayan Nur.
The new transportation distance is about 1,500 km shorter, helping reduce costs and keep the freshness of products, Lyu said.
SOUNDBITE (Chinese): LYU XIAOJUN, Deputy director of the port management office of Bayan Nur
“With this new export channel to Mongolia via Ganqmod Port, enterprises in our city will be able to export high-quality fruit and vegetable products, which is very important for improving the dual circulation of domestic and international markets.”
Xinhua News Agency correspondents reporting from Hohhot, China.
(XHTV)