Connect with us

Media

တရုတ်နိုင်ငံက COVID-19 ရောဂါတုံ့ပြန်ရေး တက်ကြွစွာ မွမ်းမံဆောင်ရွက်လျက်ရှိ

ပေကျင်း၊ ဒီဇင်ဘာ ၃ရက် (ဆင်ဟွာ)

အိုမီခရွန်ဗိုင်းရပ်စ်၏ ရောဂါဖြစ်ပွားနိုင်မှု လျော့နည်းလာခြင်း၊ ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်တက်လာခြင်းနှင့် တရုတ်နိုင်ငံ၏ ဗိုင်းရပ်စ်ထိန်းချုပ်ရေး အတွေ့အကြုံများလာခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ COVID-19 တုံ့ပြန်မှုကို ကောင်းမွန်အောင် တက်ကြွစွာ မွမ်းမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် မြို့တော် ကွမ်ကျိုးရှိ ဟိုင်ကျူး၊ ထျန်းဟဲ၊ ဖန်းယွီ နှင့် လိဝန် ခရိုင်များ၌ ယာယီထိန်းချုပ်ရေးဆောင်ရွက်မှုများကို နိုဝင်ဘာ ၃၀ ရက်က ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။ ရောဂါကူးစက်မှုအန္တရာယ်မြင့်မားသော ဧရိယာများလွဲ၍ အားလုံးကို ရောဂါကူးစက်မှုအန္တရာယ်နည်းပါးသော အဆင့် သို့မဟုတ် ပုံမှန်ထိန်းချုပ်ဆောင်ရွက်မှုများ အကောင်အထည်ဖော်ရေးအတွက် ခွဲခြားသတ်မှတ်လိုက်ကြောင်း သိရသည်။

“သွားလာခွင့်ပိတ်ပင်ထားတဲ့ စီမံဆောင်ရွက်မှုကို ရုပ်သိမ်းလိုက်တဲ့အတွက် ကျွန်တော် အလွန်ဝမ်းသာပါတယ်။ ကပ်ရောဂါကတော့ အဆုံးသတ်ဦးမှာတော့မဟုတ်ဘူး။ ကျွန်တော်တို့ကိုယ်တိုင် ကောင်းကောင်းမွန်မွန်ကာကွယ်ဖို့ လိုတာပါ” ဟု ကွမ်ကျိုးမြို့ ဒေသခံ မစ္စတာကျားက ပြောသည်။

ကွမ်ကျိုးမြို့ ဒေသခံတစ်ဦးဖြစ်သည့် မစ္စဝူကလည်း “သွားလာခွင့်ပိတ်ပင်ထားတဲ့ စီမံဆောင်ရွက်ချက် ရုပ်သိမ်းလိုက်ပြီးတဲ့နောက် ဒီနေ့တော့ ရုတ်တရက် စိတ်လက်ပေါ့ပါးသွားတယ်လို့ ခံစားရတယ်။ သိပ်ကိုပျော်တာပဲ” ဟု ဆိုသည်။

မြို့တော် ပေကျင်းတွင် ပြည်သူများ၏ အသက်များအပေါ် သက်ရောက်မှုကို လျှော့ချရန် COVID-19 ရောဂါထိန်းချုပ်မှုဆောင်ရွက်ချက်များကို ကောင်းမွန်စွာ လုပ်ဆောင်လျက်ရှိသည်။

နိုဝင်ဘာ ၃၀ ရက်မှစ၍ လူမှုရေးလှုပ်ရှားမှုများ ဆောင်ရွက်ရန်မရှိသည့် ပေကျင်းမြို့အတွင်း နေထိုင်သူများအနေဖြင့် ၎င်းတို့၏ နေအိမ်ပြင်ပသို့ ထွက်ခွာရန် မလိုအပ်ပါက လူထု nucleic acid စစ်ဆေးမှု၌ ပါဝင်ရန် မလိုအပ်တော့ကြောင်း သိရသည်။

အဆိုပါ အုပ်စုများတွင် အသက်အရွယ်ကြီးရင့်သူများ၊ ကလေးငယ်များနှင့် နေအိမ်မှ အလုပ်လုပ်ကိုင်သူများ သို့မဟုတ် ပညာလေ့လာသူများ ပါဝင်သည်။

ပေကျင်းမြို့တော် အာဏာပိုင်များကလည်း ဆေးရုံများအား COVID-19 ရောဂါဖြစ်ပွားနေသည့်တိုင် အရေးပေါ်ဌာနနှင့် သားဖွားဌာန စသည့် အရေးကြီးသောဌာနများကို ပိတ်ထားခြင်းမှ ရှောင်ကြဉ်ရန် ပြောကြားထားကြောင်း သိရသည်။ (Xinhua)

………………………………………………

(English Version)

China optimizes COVID-19 response
As the pathogenicity of the Omicron virus weakens, more people are vaccinated and experience in containing the virus is accumulated, China is optimizing its COVID-19 response.
The districts of Haizhu, Tianhe, Panyu and Liwan in Guangzhou, capital of south China’s Guangdong Province, announced the lifting of all temporary control measures on Wednesday. All areas except for designated high-risk ones are classified as low-risk areas or implement regular control measures.

SOUNDBITE 1 (Chinese): Mr. JIA, Guangzhou resident
“I’m so glad that the closed management measures have been lifted. The epidemic is still not over. We need to protect ourselves well.”

SOUNDBITE 2 (Chinese): Ms. WU, Guangzhou resident

“Today after the control measures was lifted, I suddenly felt relaxed and very happy.”

Beijing has optimized its COVID-19 control measures to minimize their impact on people’s livelihoods.

From Wednesday, Beijing residents who do not engage in social activities are no longer required to participate in community nucleic acid screenings if they do not need to leave their homes.
This includes groups such as homebound seniors, children and people working or studying from home.
Beijing authorities on Tuesday told hospitals to avoid closing important departments, such as emergency and maternity departments, even if they have been hit by COVID-19 cases.