Connect with us

China

ထျန်းကျိုး-၁၀ ကုန်တင်အာကာသယာဉ် လွှတ်တင်ရေးမစ်ရှင် အပြည့်အဝအောင်မြင်မှုရရှိ

ထျန်းကျိုး-၁၀ ကုန်တင်အာကာသယာဉ်အား တင်ဆောင်ထားသော Long March-7 Y11 သယ်ဆောင်ရေးဒုံးပျံကို တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်းဂြိုဟ်တုလွှတ်တင်ရေးကွင်း၌ ၂၀၂၆ ခုနှစ် မေ ၁၁ ရက်က လွှတ်တင်နေစဉ် (ဆင်ဟွာ)

ဝန်ချန်း (ဟိုင်နန်) ၊ မေ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် မေ ၁၁ ရက်တွင် ဟိုင်နန်ပြည်နယ် ဝန်ချန်းဂြိုဟ်တုလွှတ်တင်ရေးကွင်း၌ ထျန်းကျိုး-၁၀ ကုန်တင်အာကာသယာဉ်အား အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။
ထျန်းကျိုး-၁၀ ကုန်တင်အာကာသယာဉ်အား တင်ဆောင်ထားသော Long March-7 Y11 သယ်ဆောင်ရေးဒုံးပျံကို ထိုနေ့ နံနက် ၈ နာရီ ၁၄ မိနစ်တွင် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဝန်ချန်းဂြိုဟ်တုလွှတ်တင်ရေးကွင်း၌ လွှတ်တင်ခဲ့သည်။ လွှတ်တင်ပြီးနောက် ၁၀ မိနစ်ခန့်အကြာတွင် ထျန်းကျိုး-၁၀ ကုန်တင်အာကာသယာဉ်သည် ဒုံးပျံနှင့် အောင်မြင်စွာကွဲထွက်၍ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ ဝင်ရောက်သွားခဲ့သည်။ ထို့နောက် ကုန်တင်အာကာသယာဉ်၏ ဆိုလာစွမ်းအင်သုံးအပြားများ အဆင်ပြေချောမွေ့စွာ ဖြန့်ထုတ်နိုင်ခဲ့ရာ လွှတ်တင်ရေးမစ်ရှင် အပြည့်အဝအောင်မြင်မှု ရရှိခဲ့သည်။

ဆက်လက်ပြီး ထျန်းကျိုး-၁၀ ကုန်တင်အာကာသယာဉ်သည် ဂြိုဟ်ပတ်လမ်း၌ လည်ပတ်နေသည့် အာကာသစခန်းပူးတွဲအပိုင်းနှင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါအာကာသအေဂျင်စီ (CMSA) ရုံး၏ မိတ်ဆက်ချက်အရ သိရသည်။
ထျန်းကျိုး-၁၀ ကုန်တင်အာကာသယာဉ်တွင် အာကာသယာဉ်ပြင်ပသုံး အာကာသဝတ်စုံ ၁ စုံနှင့် အာကာသယာဉ်မှူးများ ဂြိုဟ်ပတ်လမ်းတွင် နေထိုင်စဉ် အသုံးပြုရန် လိုအပ်သော အသုံးကုန်ပစ္စည်းများ၊ ဒုံးပျံလောင်စာဆီများနှင့် အသုံးချစမ်းသပ်ကိရိယာများ စသည့် ထောက်ပံ့ပစ္စည်းများ သယ်ဆောင်ထားသည်။
ယခုအကြိမ်မစ်ရှင်သည် တရုတ်နိုင်ငံ လူလိုက်ပါအာကာသစီမံကိန်း၏ အာကာသစခန်း အသုံးချမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဆင့်သို့ ဝင်ရောက်ပြီးနောက် ပဉ္စမအကြိမ်မြောက် ကုန်ပစ္စည်းဖြည့်တင်းရေး မစ်ရှင်ဖြစ်သလို စီမံကိန်း စတင်အတည်ပြုဖော်ဆောင်ချိန်မှစ၍ ဆောင်ရွက်သည့် ၃၉ ကြိမ်မြောက် လွှတ်တင်မှုမစ်ရှင်လည်းဖြစ်ပြီး Long March စီးရီး သယ်ဆောင်ရေးဒုံးပျံ၏ ၆၄၁ ကြိမ်မြောက် ပျံသန်းမှုလည်းဖြစ်သည်။ (Xinhua)

——————
(Chinese Version)
天舟十号货运飞船发射任务取得圆满成功
新华社海南文昌5月11日电(记者李国利、刘艺、陈凯姿)我国11日在文昌航天发射场成功发射天舟十号货运飞船。
当日8时14分,搭载天舟十号货运飞船的长征七号遥十一运载火箭,在我国文昌航天发射场点火发射,约10分钟后,天舟十号货运飞船与火箭成功分离并进入预定轨道,之后飞船太阳能帆板顺利展开,发射任务圆满成功。
据中国载人航天工程办公室介绍,后续,天舟十号货运飞船将与在轨运行的空间站组合体进行交会对接。
天舟十号货运飞船装载了1套舱外航天服以及航天员在轨驻留消耗品、推进剂、应用实(试)验装置等物资。
这次任务是我国载人航天工程进入空间站应用与发展阶段后的第5次货运补给任务,是工程立项实施以来的第39次发射任务,也是长征系列运载火箭的第641次飞行。(完)
图说:5月11日8时14分,搭载天舟十号货运飞船的长征七号遥十一运载火箭,在我国文昌航天发射场点火发射,约10分钟后,天舟十号货运飞船与火箭成功分离并进入预定轨道,之后飞船太阳能帆板顺利展开,发射任务圆满成功。 新华社记者 杨冠宇 摄