Africa & Middle East
အမေရိကန်အပေါ် အီရန်၏ အဓိက တုံ့ပြန်ချက်များအား အီရန်မီဒီယာ ဖော်ပြ
တီဟီရန်၊ မေ ၁၁ ရက် (ဆင်ဟွာ)
အီရန် Tasnim သတင်းအေဂျင်စီက မေ ၁၀ ရက်တွင် အခြေအနေအား သိရှိနားလည်သည့် သတင်းအရင်းအမြစ်တစ်ခု၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်အပေါ် အီရန်၏ တုံ့ပြန်မှု အဓိကအချက်များကို ဖော်ပြခဲ့ရာ ယင်းအချက်များအနက် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) အနေဖြင့် ရက်ပေါင်း ၃၀ အတွင်း အီရန်၏ ရေနံရောင်းချမှုနှင့် သက်ဆိုင်သည့်ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းပေးရန် တောင်းဆိုချက်လည်း ပါဝင်ကြောင်း သိရသည်။ အမေရိကန် The Wall Street Journal သတင်းတွင် ဖော်ပြထားသော အီရန်၏ တုံ့ပြန်မှုများသည် အချို့သော အဓိကကဏ္ဍများတွင် လက်တွေ့နှင့်ကိုက်ညီမှု မရှိရာ အထူးသဖြင့် နျူကလီးယားအရေးနှင့် ဆက်စပ်သောအကြောင်းအရာများတွင် ဖြစ်ကြောင်း၊ အီရန်၏ တုံ့ပြန်မှုတွင် နိုင်ငံရေးနားလည်မှုမှတစ်ဆင့် သဘောတူညီချက်ရယူရန်၊ စစ်ပွဲချက်ချင်းရပ်တန့်ပြီး အီရန်အပေါ် ထပ်မံတိုက်ခိုက်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း အာမခံရန်နှင့် အမေရိကန်အနေဖြင့် ပိတ်ဆို့အရေးယူမှုများကို မဖြစ်မနေဖယ်ရှားပေးရန် အလေးထားပြောကြားခဲ့ကြောင်း၊ ထို့အပြင် အီရန်၏ တုံ့ပြန်မှုတွင် အကယ်၍ အမေရိကန်အနေဖြင့် အချို့သော ကတိကဝတ်များကို ဖော်ဆောင်မည်ဆိုလျှင် အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြားအပေါ် စီမံထိန်းချုပ်မှုများကို အပြောင်းအလဲ လုပ်ဆောင်မည့်အချက်များလည်း ပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ကနဦး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် အမေရိကန်ဘက်က အီရန်အပေါ် ပင်လယ်ပြင်ပိတ်ဆို့မှုများကို ချက်ချင်း ဖယ်ရှားပေးရန်နှင့် ရက်ပေါင်း ၃၀ အတွင်း အီရန်၏ ရေနံရောင်းချမှုအပေါ် ပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် အီရန်က အလေးထားပြောကြားခဲ့ကြောင်း၊ အီရန်၏ တုံ့ပြန်မှုများတွင် နှစ်ဖက်အကြား ကနဦး နားလည်မှုရရှိထားသည့် အခြေခံပေါ်တွင် အီရန်၏ပိုင်ဆိုင်မှုများအား ပိတ်ဆို့ထားခြင်းကို အမေရိကန်ဘက်က ဖယ်ရှားပေးရန်နှင့် အမေရိကန်ဘက်က ရက်ပေါင်း ၃၀ အတွင်း အချို့အစီအမံများအား အကောင်အထည်ဖော်ခြင်း စသည်တို့လည်း ပါဝင်ကြောင်း အဆိုပါသတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။
The Wall Street Journal ၏ အစောပိုင်းသတင်းများအရ စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်အဆိုပြုသည့် နောက်ဆုံးအစီအစဉ်များနှင့်စပ်လျဉ်း၍ အီရန်ဘက်က စာမျက်နှာအချို့အထိ ရှည်လျားသည့် တုံ့ပြန်ချက်များ ပေးပြီးဖြစ်ကြောင်း သိရသည်။ အဆိုပါတုံ့ပြန်ချက်များတွင် အီရန်က စစ်ပွဲအဆုံးသတ်ရန်၊ အမေရိကန်က ပင်လယ်ပြင်ပိတ်ဆို့မှုများကို ရုပ်သိမ်းသည့်တစ်ချိန်တည်းတွင်ပင် ဟော်မုဇ်ရေလက်ကြားကို အီရန်အနေဖြင့် တစ်ဆင့်ချင်းဖွင့်လှစ်ပေးသွားရန်၊ ထို့နောက် ရက်ပေါင်း ၃၀ အတွင်းတွင် နျူကလီးယားအရေး ဆွေးနွေးရန်တို့ ပါဝင်ကြောင်း သိရသည်။
အီရန်နိုင်ငံက ယူရေနီယံသန့်စင်မှုများကို ခေတ္တရပ်နားထားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သော်လည်း ယာယီရပ်နားမည့်ကာလမှာ အမေရိကန်ဘက်မှ အဆိုပြုထားသည့် နှစ်ပေါင်း ၂၀ ထက် ပို၍ တိုတောင်းကြောင်း The Wall Street Journal က သတင်းဖော်ပြထားသည်။
အီရန်သည် ၎င်း၏ နျူကလီးယားဆိုင်ရာ အဆောက်အအုံများကို ဖျက်သိမ်းရန်လည်း ငြင်းဆိုခဲ့ကြောင်း၊ ထို့ပြင် အီရန်၏ အဆိုပြုချက်တွင် ၎င်းတို့၏ မြင့်မားစွာ သန့်စင်ထားသော ယူရေနီယံ တစ်စိတ်တစ်ပိုင်းကို အာနိသင်လျှော့ချပြီး ကျန်ရှိသော အစိတ်အပိုင်းများကို တတိယနိုင်ငံတစ်ခုသို့ လွှဲပြောင်းထားရှိရန်၊ သို့သော် အကယ်၍ ဆွေးနွေးညှိနှိုင်းမှုများ ပျက်ပြားသွားပါက သို့မဟုတ် အမေရိကန်ဘက်မှ နောက်ဆက်တွဲအဆင့်များတွင် သဘောတူညီချက်မှ နုတ်ထွက်သွားပါက အဆိုပါ တတိယနိုင်ငံအနေဖြင့် ယင်းယူရေနီယံများကို အီရန်သို့ ပြန်လည်ပေးအပ်ရန်တို့ ပါဝင်ကြောင်း သတင်းအရသိရသည်။ (Xinhua)
——————
(Chinese Version)
伊朗媒体公布伊朗回应美方要点
新华社德黑兰5月10日电(记者沙达提 陈霄)伊朗塔斯尼姆通讯社10日援引知情人士的话报道了伊朗回应美方的要点,其中包括要求美国财政部外国资产控制办公室在30天内撤销与伊朗石油销售的相关制裁。
报道称,美国《华尔街日报》报道提到的伊朗回应在一些重要方面与事实不符,尤其是核问题相关内容。伊朗的回应强调必须通过政治谅解达成协议,立即结束战争、确保不再对伊朗发动攻击,且美国必须取消制裁。此外,伊朗的回应还涉及如果美国兑现某些承诺,伊朗对霍尔木兹海峡管控的变化。
这名知情人士说,伊朗强调,在签署初步谅解协议后,美方须立即解除对伊海上封锁,且在30天内解除对伊石油销售的制裁。伊朗的回应还包括在双方达成初步谅解的基础上美方解冻伊朗资产,以及美方在30天内落实某些措施等。
据《华尔街日报》早先报道,伊朗已就美国为结束战争提出的最新方案作出了一份长达数页的回应。伊朗在回应中提议结束战事,在美国解除海上封锁的同时,伊朗逐步开放霍尔木兹海峡,并在接下来的30天内谈判核问题。
《华尔街日报》报道称,伊朗表示愿意暂停铀浓缩活动,但暂停的期限比美国提议的20年时间要短。伊朗还拒绝拆除其核设施。此外,伊朗提议将其部分高浓缩铀稀释,并将剩余部分转移至第三国,但若谈判失败或美国在后续阶段退出协议,第三国须将其归还伊朗。(完)
1. 4月6日,在伊朗首都德黑兰,伊朗外交部新闻发言人巴加埃出席新闻发布会。新华社记者 沙达提 摄
