Connect with us

North America

အမေရိကန်-အီရန် ဆွေးနွေးမှုအခက်ကြုံခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာမြင့်တက်

အမေရိကန်နိုင်ငံ နယူးယောက်နှင့် နယူးဂျာစီ ဆိပ်ကမ်းရှိ ရေနံသင်္ဘောဆိပ်ကမ်းသို့ မောင်းနှင်နေသော လုပ်ငန်းသင်္ဘောတစ်စင်းအား ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မေ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် အီရန် ငြိမ်းချမ်းရေး ဆွေးနွေးမှု အခက်ကြုံနေခြင်းကြောင့် ဈေးကွက်အန္တရာယ်ပရီမီယံ မြင့်တက်စေခဲ့ရာ နိုင်ငံတကာရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် မေ ၁၀ ရက်နှောင်းပိုင်း အရောင်းအဝယ် သီတင်းပတ်အသစ် စတင်ချိန်တွင် သိသိသာသာ မြင့်တက်ခဲ့သည်။
အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မေ ၁၀ ရက် ၁၉ နာရီ ၁၀ မိနစ်အထိ နယူးယောက်ကုန်စည်ဒိုင် (NYMEX) ၏ ဇွန်လအတွက် ပေးပို့ရမည့် အပေါ့စားရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ကန်ဒေါ်လာ ၂.၉၁ ဒေါ်လာ မြင့်တက်လာပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၉၈.၃၃ ဒေါ်လာ ဖြင့် ၃.၀၅ ရာခိုင်နှုန်း ဈေးတက်ခဲ့သည်။ ဇူလိုင်လအတွက် ပေးပို့ရမည့် လန်ဒန်ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ကန်ဒေါ်လာ ၃.၁၃ ဒေါ်လာ မြင့်တက်လာပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၄.၄၂ ဒေါ်လာ ဖြင့် ၃.၀၉ ရာခိုင်နှုန်း ဈေးတက်ခဲ့သည်။

အမေရိကန် သမ္မတ ထရမ်က မေ ၁၀ ရက်တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်၍ ၎င်းအနေဖြင့် အီရန်ဘက်က တုံ့ပြန်မှုကို မကျေနပ်ကြောင်း၊ ယင်းမှာ “လုံးဝ လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း” ပြောကြားခဲ့သည်။ အီရန်သတင်းရုပ်သံဌာန (Press TV) ၏ မေ ၁၀ ရက် ညပိုင်း သတင်းများအရ အီရန်အနေဖြင့် အမေရိကန်ဘက်က အဆိုပြုသည့်အစီအစဉ်ကို ငြင်းပယ်ထားပြီးဖြစ်ကြောင်း၊ ယင်းအစီအစဉ်ကို သဘောတူခြင်းမှာ ထရမ့်၏ တရားလွန်တောင်းဆိုချက်များအား အီရန်ဘက်က ဒူးထောက်လိုက်လျောလိုက်သည့်အဓိပ္ပာယ်ဖြစ်သည်ဟု ယူဆကြောင်း သိရသည်။

အမေရိကန်နှင့် အီရန်တို့သည် ပေကျင်းစံတော်ချိန် ဧပြီ ၈ ရက်တွင် အပစ်ရပ်ရေးဖော်ဆောင်ပြီးနောက် နှစ်ဖက်အကြား ဆွေးနွေးမှုများ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ရာ ဈေးကွက်က နှစ်ဖက်အကြား အလွန်လျင်မြန်စွာ ရရှိမည့် သဘောတူညီချက်နှင့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာရေး ပြန်လည်ဖော်ဆောင်မည့်အပေါ် အကောင်းမြင်ခန့်မှန်းမှုများ စိတ်ပျက်အားလျော့စေခဲ့သည်။ (Xinhua)
—————–
(Chinese Version)
美伊谈判受挫 国际油价显著上涨
新华社纽约5月10日电(记者刘亚南)由于美国与伊朗和平谈判受挫推高市场风险溢价,国际原油期货价格在10日晚些时候开始新一周交易时显著上涨。
截至美东时间10日19时10分,纽约商品交易所6月交货的轻质原油期货价格上涨2.91美元至每桶98.33美元,涨幅为3.05%;7月交货的伦敦布伦特原油期货价格上涨3.13美元至每桶104.42美元,涨幅为3.09%。
美国总统特朗普10日在社交媒体上发文说,他对伊朗方面的回应不满,称其“完全不可接受”。据伊朗新闻电视台10日晚报道,伊朗已拒绝美国提出的方案,认为同意该方案将意味着伊朗屈从于特朗普的过分要求。
美国与伊朗在北京时间4月8日实现停火后,双方谈判多次反复,市场对双方很快达成协议和霍尔木兹海峡恢复通航的乐观预期受挫。(完)
1. 4月29日,一艘作业船驶离美国纽约和新泽西港的一座油品码头。新华社记者 张凤国 摄