Connect with us

Media

အိဒ်ပွဲတော်အတွင်း သန်းပေါင်းများစွာသော တူရကီနိုင်ငံသားများ ခရီးသွားရန်ရှိ

အန်ကာရာ၊ ဇွန်၁၆ ရက် (ဆင်ဟွာ)
လာမည့် အိဒ်ပွဲတော် (Eid al-Adha) တွင် သန်းပေါင်းများစွာသော တူရကီနိုင်ငံသားများသည် ဆွေမျိုးများထံ အလည်အပတ်ခရီးသွားခြင်း (သို့မဟုတ်) အားလပ်ရက်အတွင်း ခရီးတိုသွားခြင်းများပြုလုပ်မည် ဟုမျှော်မှန်းထားကြောင်း တူရကီနိုင်ငံ ဘတ်စ်ကားယာဉ်မောင်းများအဖွဲ့ချုပ်က ဇွန် ၁၅ ရက်တွင် ပြောသည်။

ပြည်တွင်းလိုင်းများတွင် ဘတ်စ်ကားလက်မှတ်များ ရောင်းကုန်ပြီး အပိုဝန်ဆောင်မှုများကို စီစဉ်ဆောင်ရွက်ထားကြောင်း အဆိုပါ အဖွဲ့ချုပ်ဥက္ကဋ္ဌ Mustafa Yildirim က နိုင်ငံပိုင် Anadolu သတင်းဌာနသို့ ပြောကြားခဲ့သည်။
“ဘတ်စ်ကား ခရီးစဉ်တွေကို ထပ်တိုးခရီးစဉ်တွေ လုပ်လိုက်တဲ့အတွက်၂၀ရာခိုင်နှုန်း တိုးလာပါတယ်” ဟုအိဒ်ပွဲတော် (Eid al-Adha) အတွက် ခရီးသည်ပို့ဆောင်ရေးကို ကိုးကား၍ ၎င်းကပြောသည်။
အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ကုမ္ပဏီပေါင်း ၃၅၀ မှ ဘတ်စ်ကား ၈,၅၀၀ သည် အားလပ်ရက်အတွင်း နေ့စဉ် ပျမ်းမျှခရီးသည် ၈၀၀,၀၀၀ ခန့် ခရီးသွားနိုင်ဖွယ်ရှိပြီး ၂၀၂၂ ခုနှစ်က ခရီးသည် ၆၀၀,၀၀၀ ခန့်သွားခဲ့ရာ ယခုနှစ်တွင် ခရီးသွားလာမှု သိသိသာသာ တိုးမြင့်လာခဲ့ကြောင်း သိရသည်။

အိဒ်ပွဲတော် (Eid al-Adha) သည် ၂၀၂၃ ခုနှစ် ဇွန် ၂၈ ရက်တွင်စတင်မည်ဖြစ်သည်။ တူရကီနိုင်ငံတွင် အိဒ်ပွဲတော် (Eid al-Adha) ပိတ်ရက်အားလပ်ရက် ကို ပုံမှန် လေးရက်အစား ယခုနှစ်တွင် ကိုးရက်အထိ တိုးမြှင့်ထားခြင်းကြောင့် ပြည်တွင်းခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)
……………………………….
(English Version)
Millions of Turks to hit roads during Eid al-Adha: bus drivers’ federation
Millions of Turks are expected to hit the roads to visit relatives or for a brief holiday during the upcoming Muslim festival Eid al-Adha, the country’s Bus Drivers’ Federation said Thursday.
Mustafa Yildirim, chairman of the federation, told state-run Anadolu news agency that the bus tickets on domestic lines were sold out and additional services are being planned.
“Bus trips have increased by 20 percent with the additional services,” he said, referring to the passenger transport for the Eid al-Adha.
According to the federation, 8,500 buses from 350 companies are expected to carry an average of 800,000 passengers daily during the holiday, significantly up from last year’s 600,000 passengers.
Eid al-Adha, also known as Feast of Sacrifice, will start on June 28 this year. The Eid al-Adha holiday has been extended to nine days this year instead of the traditional four days in Türkiye, which is expected to give a boost to domestic tourism.
Xinhua News Agency correspondents reporting from Istanbul, Türkiye. (XHTV)