Connect with us

Media

မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် ကော်ဖီတန်ချိန် ၉၀၀၀ ကျော်ထုတ်လုပ်နေ

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် Robusta ( ရိုဘတ်စ်တာ) ကော်ဖီတန်ချိန် ၂,၀၀၀ ကျော်နှင့် Arabica ( အာရေဗီးကား) ကော်ဖီတန်ချိန် ၇,၀၀၀ ထောင်ကျော်အပါအဝင် ကော်ဖီတန်ချိန် ၉,၀၀၀ ထောင်ကျော်ကို နှစ်စဉ်ထုတ်လုပ်နေကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း ဥက္ကဋ္ဌ ဦးမျိုးအေးက ဇူလိုင် ၁၄ ရက်က ပြောသည်။ ကော်ဖီတန်ချိန် ၉,၀၀၀ ကျော်အနက် တန်ချိန် ၁၅၀၀ မှ ၁၇၀၀ ခန့်ကို ပြည်ပနိုင်ငံများသို့တင်ပို့ခဲ့သည်ဟု ၎င်းက ဆင်ဟွာကို ပြောသည်။ (Xinhua)