Connect with us

Media

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အီလက်ထရောနစ် မဲပေးစက်သရုပ်ပြ

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီ ၃၆ ပါတီ အား တွေ့ဆုံခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် မိတ်ဆက်သရုပ်ပြ လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။

ရွေးကောက်ပွဲများ၌ မဲပေးရာတွင် မဲမသမာမှု မဖြစ်စေရန်၊ မြန်ဆန်လွယ်ကူစေခြင်း၊ အချိန်တိုအတွင်း တိကျသော မဲလက်မှတ်များရရှိစေခြင်း၊ ပွင့်လင်းမြင်သာမှုရှိစေခြင်း၊ ပယ်မဲမရှိခြင်း၊ မဲလက်မှတ်များ ရိုက်နှိပ်ရသည့် ကုန်ကျစရိတ်များလျော့နည်းစေခြင်းတို့အတွက် ရည်ရွယ်ပြီး အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြု၍ ဆောင်ရွက် ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက အခမ်းအနားတွင်
ပြောကြားခဲ့သည်။ (Xinhua)