Connect with us

Media

တရုတ်နိုင်ငံ eVTOL ကုမ္ပဏီက CIIE ၌ နောက်ဆုံးပေါ်ထုတ်ကုန်များ ပြသသွားမည်

ရှန်ဟိုင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
မကြာမီ ကျင်းပမည့် ၇ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ၌ ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သည့် လျှပ်စစ်လေယာဉ် (eVTOL) ကုမ္ပဏီ TCab Tech က နောက်ဆုံးပေါ်ထုတ်ကုန်များကို ပွဲဦးထွက်ပြသသွားမည် ဖြစ်ကာ နိုင်ငံတကာဈေးကွက် ချဲ့ထွင်ရန် အကောင်းဆုံးအခွင့်အလမ်းတစ်ခုဟု ၎င်းတို့က ယူဆထားကြောင်း သိရသည်။
“ဒီလေယာဉ်မှာ ဗို့အား ၈၀၀ ရှိတဲ့ ဗို့အားမြင့် အားသွင်းစနစ် တပ်ဆင်ထားပြီး ၂၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ အားသွင်းဖို့ အချိန် ၂၀ မိနစ်လောက်ပဲ ယူရပါမယ်။ အားအပြည့်သွင်းထားတယ်ဆိုရင် ကီလိုမီတာ ၂၀၀ ထိ သွားလာနိုင်ပါတယ်။ အလေးချိန်က ၂,၁၅၀ ကီလိုဂရမ်လောက် ရှိပြီးတော့ ဝန်တင်စွမ်းရည်က ၄၅၀ ကီလိုဂရမ် ရှိပါတယ်။ အဲဒါက လေယာဉ်မှူးတစ်ယောက်၊ ခရီးသည် လေးယောက် အပါအဝင် လူငါးယောက်နဲ့ ကီလိုဂရမ် ၅၀ လောက်ရှိတဲ့ အထုပ်အပိုးစတဲ့ အလေးချိန်နဲ့ ညီမျှပါတယ်”ဟု TCab Tech ပူးတွဲတည်ထောင်သူနှင့် CMO ဖြစ်သူ JIANG JUN က ပြောကြားခဲ့သည်။
၇ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အား နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ရှန်ဟိုင်းမြို့၌ ကျင်းပသွားမည် ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပထမဆုံး စတင်ကျင်းပချိန်မှစ၍ ယင်းပြပွဲက တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုစံနမူနာသစ်အား မီးမောင်းထိုးပြသည့် အရေးပါသော စင်္ကြံတစ်ခု ၊ အဆင့်မြင့် တံခါးဖွင့်လှစ်မှုအတွက် ပလက်ဖောင်းတစ်ခုနှင့် တစ်ကမ္ဘာလုံးအတွက် ဝန်ဆောင်မှုတစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………….
(English Version)
China’s eVTOL enterprise to showcase latest product at CIIE
TCab Tech, an electric vertical take-off and landing (eVTOL) aircraft developer, will make its debut with its latest product at the upcoming 7th China International Import Expo (CIIE), which they consider an excellent opportunity to expand its international market.
SOUNDBITE (Chinese): JIANG JUN, Co-founder & CMO of TCab Tech
“The aircraft is equipped with an 800-volt high-voltage charging, which means it takes some 20 minutes to charge from 20 percent to 80 percent. Its range is 200 km in full charge. It weighs about 2,150 kilograms, with a loading capacity of 450 kilograms, equivalent to the weight of five people, including a pilot and four passengers, plus some 50 kg luggage.”
The 7th CIIE is scheduled to be held in Shanghai from Nov. 5 to 10. Since its first edition in 2018, this expo has become an important stage spotlighting China’s new development paradigm, a platform for high-level opening up, and a public good for the whole world.
Xinhua News Agency correspondents reporting from Shanghai, China. (XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.