Connect with us

Media

ဂါဇာဒေသ၌ အကူအညီပေးရေးအတွက် အင်ဒိုနီးရှားနိုင်ငံက ဆေးရုံသင်္ဘော စေလွှတ်

ဂျကာတာ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမစ်ရှင်အတွက် အင်ဒိုနီးရှားနိုင်ငံက ဆေးရုံ သင်္ဘောတစ်စင်းအား ဇန်နဝါရီ ၁၈ ရက်က စေလွှတ်ခဲ့ကြောင်းနှင့် ဂါဇာဒေသတွင် ယမန်နှစ် အောက်တိုဘာ လမှစ၍ လက်ရှိဖြစ်ပွားနေသည့် အစ္စရေး-ဟားမက်စ် ပဋိပက္ခကြောင့် လူပေါင်း ၂၄,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၆၁,၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဆေးရုံသင်္ဘောတွင် အမှုထမ်း ၂၀၀ ကျော် လိုက်ပါပြီး ဆေးဝါးများ ၊ စောင်များ ၊ အဝတ်အစားများ ၊ နို့ ၊ ဘီစကွတ် ၊ ဓာတ်ဆားရည်နှင့် ခေါက်ဆွဲခြောက်များအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တင်ဆောင်ကာ ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ ရာဖာမြို့၏ နယ်စပ် အီဂျစ်နိုင်ငံ El Arish မြို့သို့ သွားရောက်ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
Indonesia sends off hospital ship for aid mission in Gaza
Indonesia here on Thursday sent off a hospital ship for a humanitarian mission in the Gaza Strip, where the ongoing Israel-Hamas conflict in the region has reportedly killed more than 24,000 people and injured more than 61,000 people since its outbreak in October last year.
The ship with more than 200 crews on board is carrying humanitarian aid, including medicines, blankets, clothes, milk, biscuits, mineral water and instant noodles, to the Egyptian city of El Arish, which borders Rafah City in the southern Gaza Strip.
Xinhua News Agency correspondents reporting from Jakarta.(XHTV)