Connect with us

Media

တရုတ်နိုင်ငံ၏ ရေခဲပြင်ခွဲသင်္ဘော Xuelong 2 က နယူးဇီလန်နိုင်ငံ၌ အများပြည်သူ တက်ရောက်လေ့လာရန် ဖွင့်လှစ်ပေး

နယူးဇီလန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သုတေသနရေခဲခွဲသင်္ဘော Xuelong 2 သို့မဟုတ် နှင်းနဂါး ၂ က နယူးဇီလန်နိုင်ငံ Christchurch မြို့ရှိ Lyttelton ဆိပ်ကမ်း၌ အများပြည်သူ တက်ရောက်လေ့လာရန် ဇန်နဝါရီ ၂၇ ရက်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

သုတေသနရေခဲခွဲသင်္ဘော Xuelong 2 ပေါ်သို့ လူပေါင်း ၄၀၀ ခန့် တက်ရောက်လေ့လာခဲ့ကြပြီး တရုတ်-နယူးဇီလန် နှစ်နိုင်ငံ တောင်ဝင်ရိုးစွန်းဒေသဆိုင်ရာ နယ်ပယ်ရှိ သိပ္ပံသုတေသီများက ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သုတေသနရေခဲခွဲသင်္ဘော Xuelong 2 က ယခုခရီးစဉ်အတွင်း Lyttelton ဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့သည်မှာ တတိယ အကြိမ်မြောက် ဖြစ်ပြီး ဆိုက်ကပ်ချိန်တွင် ပစ္စည်းများ ထပ်မံဖြည့်စွက်ခြင်းနှင့် အမှုထမ်းများ အလှည့်ကျနားခြင်းတို့အား လုပ်ဆောင်သွားမည် ဖြစ်ကာ ထို့နောက်တွင် ရော့စ်ပင်လယ်စခန်းသစ်သို့ ပြန်လည်သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

#China #NewZealand #Icebreaker #တရုတ်နိုင်ငံ #နယူးဇီလန်နိုင်ငံ #ရေခဲပြင်ခွဲသင်္ဘော
………………………………….
(English Version)
China’s icebreaker Xuelong 2 holds public open day event in New Zealand
China’s research icebreaker Xuelong 2, or Snow Dragon 2, held a public open day event at Lyttelton Port in Christchurch, New Zealand on Saturday.
On the event, about 400 people boarded the ship to visit the Xuelong 2. During this period, scientific researchers in the Antarctic field from the two countries also held academic seminars.
This is the third time that Xuelong 2 has docked at Lyttelton Port during this voyage. During the docking period, Xuelong 2 will carry out material replenishment and personnel rotation, and then will head to the new Ross Sea station again.
Xinhua News Agency correspondents reporting from Christchurch, New Zealand.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.