Connect with us

Media

တရုတ်-မြန်မာ စီမံကိန်းကြီး ပူးပေါင်းဆောင်ရွက်မှုအပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာများကို တရုတ်သံရုံးမှ သံမှူးနှင့် စီးပွါးရေးဆိုင်ရာဌာနများ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobinနှင့် မြန်မာနိုင်ငံရှိ စီးပွါးရေးဆိုင်ရာဌာနများ တရုတ်-မြန်မာ စီမံကိန်းကြီး ပူးပေါင်းဆောင်ရွက်မှုအပါအဝင် လုပ်ငန်းပိုင်းဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့(ဖေဖော်ဝါရီ ၆ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တရုတ်သံရုံးမှ သံမှူးသည် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့ထိ နေပြည်တော်၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စသည့် စီးပွားရေးဆိုင်ရာဌာနများမှ အရာရှိများနှင့် သီးခြားစီတွေ့ဆုံကာ လုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ်များ ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးရာတွင် နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာ စီမံကိန်းကြီး ပူးပေါင်းဆောင်ရွက်မှု၊ စီမံကိန်းနှင့်သက်ဆိုင်သော တရုတ်ဝန်ထမ်းများလုံခြုံရေး၊ ကုန်သွယ်မှုချောမွေ့ရေး၊ ဘက်စုံလွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်၊ ပြည်သူ့အကျိုးပြု ကူညီထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာအမြင်ချင်းဖလှယ်ခဲ့ကြပြီး နှစ်သစ်တွင် တရုတ်-မြန်မာ စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တည်ငြိမ်စွာတိုးတက်လာစေရန် တွန်းအားပေးကာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် “Belt & Road” တည်ဆောက်ရေး အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်စေရန် ပိုမိုကောင်းမွန်စွာဝန်ဆောင်မှုပေးသွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.