Connect with us

Media

ယီမင်နိုင်ငံ မြောက်ပိုင်းတွင် အမေရိကန်နှင့် ဗြိတိန်က လေကြောင်းတိုက်ခိုက်

ဆန်နား၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

အမေရိကန်-ဗြိတိန် မဟာမိတ်အဖွဲ့က ယီမင်နိုင်ငံ မြောက်ပိုင်း ဆာဒါးပြည်နယ်တွင် ဖေဖော်ဝါရီ ၆ ရက် နံနက်အရုဏ်မတက်မီ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ကြောင်း ဟူသီအဖွဲ့ပိုင် al-Masirah TV က သတင်းဖော်ပြခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် ဆာဒါးပြည်နယ် မြို့တော် အရှေ့ပိုင်းရှိ နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
Fresh U.S.-British airstrikes hit northern Yemen
SANAA, Feb. 6 (Xinhua) — The U.S.-British coalition launched three airstrikes on Yemen’s northern province of Saada on Tuesday before dawn, Houthi-run al-Masirah TV reported. The strikes targeted sites in the eastern part of the province’s capital city, which bears the same name, the Houthi television said without elaborating further.