Connect with us

Media

ဘရာဇီးနိုင်ငံက ပြင်သစ်နိုင်ငံနှင့် ပူးပေါင်းကာ ၃ စင်းမြောက် ရေငုပ်သင်္ဘောအား ရေချ

ရီယိုဒီဂျနေးရိုး၊ မတ် ၂၈ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံက “Tonelero” ရေငုပ်သင်္ဘောအား မတ် ၂၇ ရက်တွင် ရေချခဲ့ပြီး ရေငုပ်သင်္ဘော ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် (ProSub) အရ ပြင်သစ်နိုင်ငံနှင့် ပူးပေါင်းတည်ဆောက်ခဲ့သည့် သုံးစင်းမြောက် ရေငုပ်သင်္ဘော ဖြစ်ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံ သမ္မတ Luiz Inacio Lula da Silva နှင့် ပြင်သစ်နိုင်ငံ သမ္မတ Emmanuel Macron က ရီယိုဒီဂျနေးရိုးကမ်းခြေရှိ Itaguai ဆိပ်ကမ်း၌ ကျင်းပသည့် သင်္ဘောရေချခြင်းအခမ်းအနားအား တက်ရောက်ခဲ့ကြောင်း သိရသည်။
“ဒီနေ့ဟာဆိုရင် ဘရာဇီးနိုင်ငံက ရေငုပ်သင်္ဘော တည်ဆောက်တာ ကျွမ်းကျင်တဲ့ နိုင်ငံအနည်းငယ်ထဲမှာ ပါဝင်လာပါပြီ။ ProSub က ဘရားဇီးနိုင်ငံရဲ့ အကြီးဆုံးနဲ့ အရေးပါဆုံး နိုင်ငံတကာ ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုစီမံကိန်း ဖြစ်ပါတယ်” ဟု ဘရာဇီးနိုင်ငံသမ္မတက ပြောကြားခဲ့သည်။ (Xinhua)

……………………
(English Version)
Brazil launches 3rd submarine under partnership with France
Brazil launched the “Tonelero” submarine on Wednesday, the third one it has built through a partnership with France under the Submarine Development Program (ProSub).
Brazilian President Luiz Inacio Lula da Silva and French President Emmanuel Macron attended the launching ceremony held at the Itaguai port on the Rio de Janeiro coast.
“Today Brazil is part of a small group of countries that master submarine construction. ProSub is Brazil’s largest and most important international defense cooperation project,” Lula da Silva said during the event.
Xinhua News Agency correspondents reporting from Rio de Janeiro, Brazil.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.