Connect with us

Media

မြန်မာ့ရိုးရာမြေအိုးလုပ်ငန်း ဆက်လက်လုပ်ဆောင်ခြင်းဖြင့် အမွေအနှစ်ကို ထိန်းသိမ်းလျက်ရှိ

ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ကျွမ်းကျင်သော အိုးဆွဲလုပ်သားများ (အိုးပြုလုပ်သူများ) ရှားပါးလာခြင်းကြောင့် ရိုးရာအနုပညာမြေအိုးလုပ်ငန်း ကျဆင်းမှုနှင့် ရင်ဆိုင်နေရသည်။
ယနေ့ခေတ် မြေအိုးလုပ်ငန်းစီးပွားရေးမှာ မြန်မာ့ရိုးရာ အမွေအနှစ် အိုးလုပ်ငန်း ထိန်းသိမ်းရေးအတွက် မရှိမဖြစ်အရေးပါကြောင်း ရန်ကုန်တိုင်းဒေသကြီး တွံ့တေးမြို့ရှိ မြေအိုးလုပ်ငန်းပိုင်ရှင်များက သုံးသပ်ပြောကြားကြသည်။ ယခင်က အိုးလုပ်ငန်းပညာရပ်ကို လူကြီးများက လူငယ်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးလာခြင်းဖြစ်ပေမဲ့ လူငယ်များက အလုပ်အကိုင်အခွင့်အလမ်းရရှိရန် မြို့ပြများ သို့မဟုတ် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ကြခြင်းကြောင့် အိုးလုပ်ငန်းပညာရပ် လက်ဆင့်ကမ်းမှုမှာ မှေးမှိန်လာခြင်းဖြစ်ကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူများက သုံးသပ်ကြသည်။ (Xinhua)