Connect with us

Videos

ရေဘေး ဖြစ်ပွားသည့် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၁ ခု ထိ ရှိလာခဲ့ပြီဖြစ်

ရန်ကုန် ၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံ၌ ဇူလိုင်လလယ်မှ စတင် ဖြစ်ပွားခဲ့သည့် ရေဘေးကြောင့် တစ်လကျော် အတွင်း ရေဘေး ဖြစ်ပွားသည့် တိုင်းဒေသကြီး နှင့် ပြည်နယ်မှာ ၁၁ ခု အထိ ရှိလာခဲ့ပြီး လူဦးရေ ၄၇၇၃၆၀ ရေဘေးသင့် ခံစားရကြောင်း သြဂုတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည့် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ၏ စာရင်းဇယားများအရ သိရသည်။
ရေဘေး ဖြစ်ပွားသည့် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၁ ခုတွင် သေဆုံးသူ ဦးရေမှာ ၈ ဦးအထိ ရှိလာခဲ့ပြီး အိမ်ထောင်စုပေါင်း ၁၁၇၈၇၇ ရေဘေးသင့် ခံစားခဲ့ရကြောင်း သိရသည်။
ရေဘေးဖြစ်ပွားသည့် တိုင်းဒေသကြီး နှင့် ပြည်နယ် ၁၁ ခုသို့အရေးပေါ် အစားအစာ ၊ ဆန်ရိက္ခာ ၊ အိမ်ဆောက် ပစ္စည်း ၊ ကယ်ဆယ်ရေး ပစ္စည်း ၊ သေဆုံး ၊ အခြား တို့အတွက် စုစုပေါင်း ငွေကျပ် ကျပ်သိန်းပေါင်း (၆၆၇၀) ဖိုး ထောက်ပံ့ ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.