Connect with us

Videos

ကြာချိန် ၃ စက္ကန့်ဖြင့် မီတာ ၁၅ဝ အရှည်ရှိ တံတားကြီးကို ဖြိုချ

ချန်းချန်၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ချန်းချန် တွင် သက်တမ်း ၃၉ နှစ်ရှိပြီဖြစ်သည့် တံတားကြီးတစ်စင်းကို ဇွန်လဆန်းပိုင်းက ကြာချိန် ၃စက္ကန့်ဖြင့် ဖြိုချနိုင်ခဲ့သည်။ အဆိုပါ တံတားကြီးကို ဖောက်ခွဲဖြိုချနိုင်ရန် ဖောက်ခွဲရေးပစ္စည်းပေါင်း ၇၁ဝ ကီလိုဂရမ် ကို အသုံးပြုခဲ့ရသည်။ တံတားဟောင်းကြီးကို ဖြိုချ ဖောက်ခွဲနိုင်ရန်အတွက် အင်ဂျင်နီယာများက ထိုတံတားကြီးတွင် အပေါက်ပေါင်း ၂၄၂ဝ ပေါက် ဖောက်ခဲ့ရသည်။ အပျက်အစီးများကို အလုပ်သမားများက ၅ ရက် အချိန်ယူကာ ရှင်းလင်းခဲ့သည်။ တံတားဟောင်းကြီးမှာ ၁၄၉.၉မီတာ အရှည်ရှိပြီး ၂၅ မီတာကျယ်သည်။ ၁၉၇၈ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သော သက်တမ်းရင့်တံတားတစ်စင်းဖြစ်ပြီး ခိုင်ခံ့မှုတွင် ဘေးအန ္တရာယ်ရှိလာနိုင်သောကြောင့် ထိုသို့ဖျက်စီးပစ်ရခြင်းဖြစ်သည်။ တံတားအသစ်ကို ထိုနေရာတွင်ထပ်မံဆောက်လုပ်မည်ဖြစ်ပြီး လာမည့်စက်တင်ဘာလတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.