Connect with us

Videos

ခရီးသည်ပေါင်း သန်း ၁ဝဝ အထိ သွားလာဆက်သွယ်နိုင်တော့မည် ကမ္ဘာ့အကြီးဆုံး လေဆိပ်ကြီး

ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Daxing ခရိုင်ရှိ ပေကျင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသည် ကမ္ဘာပေါ်တွင် အကြီးဆုံးလေဆိပ်ကြီးတစ်ခုဖြစ်လာတော့မည်ဟုသိရသည်။ မြေဧကဟက်တာပေါင်း ၂၆၈ဝ ပေါ်တွင် တည်ဆောက်ထားသောအဆိုပါလေဆိပ်ကြီးတွင် ကွန်ကရစ်လောင်းခြင်းလုပ်ငန်းပြီးစီးနေပြီဖြစ်သည်။ယခုတွင် အလုပ်သမားများမှာ လေဆိပ်တည်ဆောက်ရန် စတီးတိုင်များဖြင့် တပ်ဆင်ခြင်းလုပ်ငန်းကို စတင်နေပြီဖြစ်သည်။လေဆိပ်ကြီးကို ပျံသန်းနေသော ဖီးနစ်ငှက်အသွင်တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက ကမ္ဘာ့ အကြီးဆုံးလေဆိပ်ကြီးဖြစ်လာတော့မည်ဟုသိရသည်။ ထိုလေဆိပ်တွင် မြန်နှုန်းမြင့်ရထား၊မြေအောက်ရထား၊ အဝေးပြေးကားများ၊ ဘတ်စ်ကားများနှင့် လေဆိပ်တွင်းသွားလာနိုင်သော ကားများ ကိုပါ စီးနင်းနိုင်သည့် ဂိတ်များ ဘူတာများနှင့် ချိတ်ဆက်ထားသည်။ လေဆိပ်တည်ဆောက်ခြင်းလုပ်ငန်းမှာ၂ဝ၁၉ ခုနှစ် စက်တင်ဘာလတွင် ပြီးစီးမည်ဖြစ်သည်။ ထိုလေဆိပ်ကြီးပြီးစီးသွားပါ က နှစ်စဉ် ခရီးသည်ပေါင်း သန်း ၁ဝဝ အထိ သွားလာဆက်သွယ်နိုင်တော့မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.