Connect with us

Videos

စက်မှုလက်မှုကိုအခြေခံပြီး စီးပွားရေးရပ်တည်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆို

ရန်ကုန်၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ စီးပွားရေးသည် စက်မှုလက်မှုကို အခြေခံပြီး ရပ်တည်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ကုန်သည်စက်မှု အသင်းချုပ်၌ ဧပြီလ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စက်မှုဇုန်များ(ရန်ကုန်)မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သော အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဘဏ်စနစ်များ ကောင်းမွန်ရန် လိုအပ်ကြောင်း ၊ စက်မှုဇုန်များ၏ စီမံခန့်ခွဲရေးပိုင်းနှင့် စည်းကမ်းပိုင်းများ တိုးတက်အောင် အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ယခု အစိုးရသစ်လက်ထက်တွင် စက်မှုဇုန်များ အနေဖြင့် ယခင်အတိတ်ဖြစ်စဉ်များကို ထားခဲ့၍ စက်မှုဇုန်များမှ ကုန်ထုတ်လုပ်နိုင်စွမ်းအား တိုးတက်အောင် ကြိုးပမ်းသင့်ကြောင်း၊ တိုင်းပြည်၏ အလုပ်အကိုင် အခွင့်အလမ်းများကို ဝိုင်းဝန်း ပံ့ပိုး ကူညီကြစေလိုကြောင်း ၎င်းက ပြောသည်။

သယံဇာတ များကိုသာ မှီခိုမနေဘဲ ပြည်သူများ၏ စွမ်းဆောင်ရည်ကိုသာ မြှင့်တင်ပေးရမည် ဖြစ်ကြောင်း၊ စာရွက်ပေါ်မှာသာ စီမံချက်များရှိသည် မပာုတ်ဘဲ လက်တွေ့ဖြစ်လာအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စက်မှုဇုန်များ၏ အခက်အခဲကြောင့် ကုန်ထုတ်လုပ်စွမ်းအားများ ကျဆင်းနေခြင်းများ ရှိနေသည့် အတွက် ပထမဆုံးအကြိမ် ကုန်သည်စက်မှု အသင်းချုပ်သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရွှေပြည်သာ၊ လှိုင်သာယာ၊ ရွှေလင်ဗန်း၊ သာကေတ၊ ဒဂုံဆိပ်ကမ်း၊ ရွှေပေါက်ကံ၊ တောင်ဒဂုံ၊ ဝါးတစ်ရာ၊ မြောင်းတကာ၊ တောင်ဥက္ကလာပ၊ ဒဂုံအရှေ့ စသည့်စက်မှုဇုန်များမှ ဥက္ကဌများ၊ ကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.