Connect with us

Videos

ဆီးနှင်းများကြောင့် ယာဉ်တိမ်းမှောက်မှုမရှိစေရန် တံတားပေါ်တွင်ဆားဖြူးခြင်း၊စစ်ဆေးခြင်းများ ဆောင်ရွက်ကြသည့် တရုတ်ယာဉ်ထိန်းများ

ကွေ့ကျိုး၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံအနောက်တောင်ပိုင်းကွေ့ကျိုးပြည်နယ်တွင် အလွန်အေးသည့် အအေးလှိုင်းဖြတ်ခဲ့သည်။ထိုဒေသ ရှိ Yachi မြစ်ကူးတံတားကြီးတွင် ရေများခဲနေသောကြောင့် လမ်းချော်မှုများဖြစ်ပေါ်နေသည်။ မော်တော်ယာဉ်များ တိမ်းမှောက်မှုမရှိစေရန် ယာဉ်ထိန်းရဲများက အချိန်ပြည့်တာဝန်ထမ်းဆောင်နေကြသည်။

ယာဉ်ထိန်းရဲ Li Xingqiu က “ကျွန်တော်တို့ယာဉ်ထိန်း ရဲ ၈ ယောက်တာဝန်ကျတာပါ တံတားက ရေခဲတွေနဲ့ချောနေတယ်လို့ သတင်းပို့ခဲ့ပါတယ် ဒါနဲ့ ကျွန်တော်တို့ ဟာ လမ်းပေါ်က ရေခဲတွေအရည်ပျော်ပြီး မောင်းနှင်ရအဆင်ပြေစေဖို့ ဆားတွေဖြူးခဲ့ပါတယ်” ဟုဆိုသည်။ယာဉ်ထိန်းရဲ Zheng Chaohui က “ဒီနှစ်ရဲ့ အခက်ခဲဆုံးအချိန်ပါ နှစ်တိုင်း ကျွန်တော်တို့ ဒီလိုအေးတဲ့အချိန်မျိုး ၃ လ လောက်တော့ရှိပါတယ်” ဟုဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.