Connect with us

Videos

တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် တရုတ်-အမေရိကန်ဆက်ဆံရေး၏အခြေခံအုတ်မြစ်ဖြစ်

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် က တရုတ်တစ်နိုင်ငံတည်းမူဝါဒ သည်တရုတ်-အမေရိကန် ဆက်ဆံရေး၏ အခြေခံအုတ်မြစ်အဖြစ် ကျန်ရစ်နေမည်ဖြစ်ကြောင်း မတ်လ ၁၅ ရက်က ပြောကြားခဲ့သည်။

အမျိုးသားပြည်သူ့ကွန်ဂရက်နှစ်ပတ်လည်အစည်းအဝေး ပြီးဆုံးပြီးနောက် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခု၌ လီ က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် တို့သည် ထရမ့် သမ္မတရာထူးလက်ခံပြီးနောက် ဖုန်းဖြင့် ဆွေးနွေးပြောဆိုမှုများရှိခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် တရုတ်-အမေရိကန်ဆက်ဆံရေးကို တိုးတက်အောင် ဆက်လက်ဆောင်ရွက်ရန် သဘောတူခဲ့ကြကြောင်း ပြောကြားခဲ့သည်။

လီက အမေရိကန်သမ္မတ နှင့် အဆင့်မြင့်တာဝန်ရှိသူများ သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက် လက်ခံသွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာထုတ်ဖော်ပြောကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ယင်းမူဝါဒသည် တရုတ်-အမေရိကန် ဆက်ဆံရေးများ၏ နိုင်ငံရေးအခြေခံအုတ်မြစ်ကို ဖော်ဆောင်ပေးခြင်းဖြစ်ပြီး ယင်းမူဝါဒသည် မည်သည့်အခြေအနေမျိုးတွင်မဆို ပြောင်းလဲသွားမည်မဟုတ်ကြောင်း နှင့် ပျက်စီးသွားမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။

၎င်းက အဆိုပါ မူဝါဒဖြင့် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု အတွက် တောက်ပသည့် ကောင်းကျိုးရလဒ်များဖော်ဆောင်ပေးနိုင်မည်ဟုယုံကြည်ပါကြောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.