Connect with us

Videos

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်နယူးဇီလန်နိုင်ငံသို့ရောက်ရှိ

ဝယ်လင်တန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် နှင့် ဇနီး ချန်ဟုန်တို့သည် မတ်လ ၂၆ ရက်နေ့က နယူးဇီလန်နိုင်ငံ ဝယ်လင်တန်သို့ တရားဝင် ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိလာရာ နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် ဘေလ် အင်္ဂလိပ် နှင့် ဇနီးတို့က လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ တရုတ်နိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့ သံတမန်ဆက်ဆံရေး နှစ်ပေါင်း ၄၅ နှစ်ပြည့်အထိမ်းအမှတ်တွင်နယူးဇီလန်နိုင်ငံသို့ယခုကဲ့သို့ချစ်ကြည်ရေးခရီးလာရောက်ရခြင်းအတွက် အလွန်ဝမ်းမြောက်မိကြောင်း ဝန်ကြီးချုပ်လီက ဆိုသည်။ ဝန်ကြီးချုပ်လီသည် နယူးဇီလန်ဝန်ကြီးချုပ် အင်္ဂလိပ်နှင့် တေ့ွဆုံဆွေးနွေးမှုများပြုလုပ်မည့်အပြင် ဘုရင်ခံချုပ် Patsy Reddy နှင့် အခြား ထိပ်တန်းအရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးမည့်အပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဏ္ဍများတွင် သဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းအနားများကိုလည်းတက်ရောက်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.