Connect with us

Videos

တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ကမ္ဘာ့ ဗုဒ္ဓဖိုရမ်ကျင်းပ

ဝူရှီ ၊ အောက်တိုဘာ (၂၆) ရက်၊ ဆင်ဟွာ

တရုတ်နိုင်ငံ အရှေ့ဘက် ကျန်းစုပြည်နယ် ဝူရှီမြို့တွင် (၄)ကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓ ဖိုရမ်ကို ကျင်းပလျက်ရှိသည်။ အောက်တိုဘာလ ၂၄ ရက်နေ့က စတင် ကျင်းပခဲ့သည့် အဆိုပါဖိုရမ်တွင် ဘုန်းတော်ကြီး အပါးတစ်ထောင်ကျော် နှင့် နိုင်ငံ နှင့် ဒေသပေါင်း ၅၂ နိုင်ငံမှ ပညာတော်သင်များ တက်ရောက်ခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်း၊ နိုင်ငံခြားမှ နိုင်ငံရေးသမားများနှင့် ဗုဒ္ဓဘာသာ အဖွဲ့အစည်းခေါင်းဆောင်များက အဆိုပါ ဖိုရမ် အား အသီးသီးဂုဏ်ပြု ခဲ့ကြသည်။ ၂ဝဝ၅ ခုနှစ်တွင် တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ မကာအို နှင့် တရုတ်နိုင်ငံရှိ ဗုဒ္ဓဘာသာအဖွဲ့အစည်းများ မှ ဗုဒ္ဓဘာသာဝင်များ အချင်းချင်း ဆက်သွယ်မှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဗုဒ္ဓဘာသာ ဖိုရမ်အား စုပေါင်း အဆိုပြုခဲ့ကြပြီး ၂ဝဝ၆ ခုနှစ်တွင် တရုတ်နိုင်ငံ၌ ၎င်းဖိုရမ်ကို စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.