Connect with us

Videos

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ၄ ယောက်စီးလျှပ်စစ် အပေါ့စားလေယာဉ် စမ်းသပ်မောင်းနှင် 

ရှန်းယန်၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ၄ ယောက်စီးလျှပ်စစ် အပေါ့စားလေယာဉ်တစ်စင်းကို ရှန်းယန်မြို့တွင် စမ်းသပ်မောင်းနှင် ခဲ့ကြောင်းသိရသည်။ RX4E ဟုအမည်ပေးထားသည့် ၎င်းလျှပ်စစ်လေယာဉ်ကို Liaoning General Aviation Academy (LGAA) ကထုတ်လုပ်ထားပြီး အလေးချိန် ၁၂၀၀ ကီလိုဂရမ်ရှိကာ ၈.၄ မီတာအရှည်ရှိပြီး တောင်ပံနှစ်ဘက် အလျားမှာ ၁၃.၅ မီတာရှိကြောင်းသိရသည်။ လေယာဉ်မှာ ကီလိုမီတာ ၃၀၀ အထိ မောင်းနှင်နိုင်ပြီး ခရီးတစ်ကြောင်းလျှင်အချိန် ၁နာရီခွဲခန့် မောင်းနှင်နိုင်သည်။ လေယာဉ်ကိုယ်ထည်ကို ကာဘွန်ဖိုင်ဘာ ဖြင့်ပြုလုပ်ထားသောကြောင့် အလွန်ပေါ့ပါးမှုရှိပြီး ကြမ်းတမ်းမာကျောသည့် မြေမျက်နှာပြင်နှင့် မြက်ခင်းများ၌လည်း ဆင်းသက်ရပ်နားနိုင်သည်။ ၎င်းလေယာဉ်ကို ခရီးတို သွားလာရန်၊ လေ့ကျင့်ရေးလုပ်ငန်း လုပ်ရန်၊ ပတ်ဝန်းကျင်လေ့လာရန်၊ အလှဓါတ်ပုံ ရိုက်ကူးရန် နှင့် ကောင်းကင်မှ မြေပုံများကိုလေ့လာရေးဆွဲရန် အသုံးပြုနိုင်မည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.