Connect with us

Videos

တရုတ်နိုင်ငံ နှင့် ဂျာမနီ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ရန် သဘောတူ

ဘာလင်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်တို့သည် နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။

သမ္မတရှီက ယခုနှစ်သည် တရုတ်နိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့သံတမန်ဆက်ဆံရေးထူထောင်လာခဲ့သည်မှာ ၄၅ နှစ် ရှိပြီဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြည်သူအချင်းချင်းအပြန်အလှန် စေလွှတ်ခြင်းများတွင်လည်း ဂျာမနီနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံလာမှုမှာ လွန်ခဲ့သည့် ၄၅ နှစ်ကတည်းကပင်ဖြစ်ပြီး အဆင်ပြေချောမွေ့အောင်မြင်ခဲ့ပါကြောင်း စသဖြင့်ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များက နိုင်ငံရေးကဏ္ဍတွင်လည်းယုံကြည်မှု ပိုမိုတိုးမြှင့်တည်ဆောက်သွားရန်၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ ပညာရေး နှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင် ပူးပေါင်းမှု ဆက်လက်မြှင့်တင်သွားရန် ကတိပြုခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.