Connect with us

Videos

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အမေရိကန်ပြည်ထောင်စုသို့သွားရောက်မည်

စက်တင်ဘာလကုန်ပိုင်းလောက်မှာ တရုတ်သမ္မတ ရှီကျင့်ဖိန် သည် ၂၀၁၃ ခုနှစ်တွင် သမ္မတ အဖြစ်စတင်တာဝန်ထမ်းဆောင်ပြီးကတည်းက တရားဝင်အလည်အပတ် ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စုကို သွားရောက်မည်ဖြစ်သည်။ အောက်တိုဘာလအထိ ကြာမြင့်မည့် အဆိုပါ ခရီးစဉ်သည် တရုတ်-အမေရိကန် ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးရန် သမိုင်းဝင်ခရီးစဉ်တစ်ခုလည်း ဖြစ်သည်။

သမ္မတရှီကျင့်ဖိန်သည် ပြီးခဲ့သည့် ဆယ်စုနှစ် ၃ ခုကျော်ကတည်းက အမေရိကန်ပြည်ထောင်စုသို့ (၆) ကြိမ်တိုင် သွားရောက်လည်ပတ်ခဲ့ဖူးသောကြောင့် ယခင် တရုတ်နိုင်ငံသမ္မတများထက် အမေရိကန်နိုင်ငံသို့ သွားရောက်လည်ပတ်မှု အကြိမ်အရေအတွက်များသည်ဟုလည်း ဆိုနိုင်ပါသည်။

သမ္မတရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသမ္မတ အဖြစ်တာဝန်ထမ်းဆောင်ပြီး ၃ လအကြာ ၂၀၁၃ ခုနှစ် ဇွန်လတုန်းက အမေရိကန်သမ္မတ ဘားရတ်အိုဘားမား နှင့်တွေ့ဆုံစဉ် “သမ္မတရှီဟာ အမေရိကန်ပြည်ထောင်စုနဲ့ မစိမ်းပါဘူး” ဟု အမေရိကန်သမ္မတက မှတ်ချက်ပြုခဲ့ဖူးသည်။

ခေါင်းဆောင် ၂ ဦးသည် အများဆန္ဒရှိသည့်အတိုင်း တရုတ်-အမေရိကန် ၂ နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်အောင်ဆောင်ရွက်ကြမည်ဖြစ်ပြီး အဆိုပါဆောင်ရွက်မှုတွင် ပဋိပက္ခများ၊ ထိပ်တိုက်တွေ့ဆုံမှုများ အား တတ်နိုင်သမျှ ရှောင်ရှားရန် ၂ နိုင်ငံ ရင်းနှီးချစ်ကြည်မှု ပိုမိုတိုးတက်ရန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အဆင့်ပိုမိုတိုးမြှင့်ရန် နှင့် ကဏ္ဍပေါင်းစုံ ပိုမိုတိုးတက်စေဖို့ ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်သည်။

စစ်ရေး ကိစ္စရပ်များ၊ ဆိုက်ဘာလုံခြုံရေးကိစ္စရပ်များနှင့်ရာသီဥတုပြောင်းလဲမှုကိစ္စရပ်များ စသည့် အရေးကြီးသည့် ကိစ္စရပ်များကိုတော့ ဆွေးနွေးကြမည်မဟုတ်ပေ။

ထို့အပြင် (၂) နိုင်ငံ အကြား ကာဘွန်ထုတ်လွှင့်မှုလျှော့ချရေး နှင့် ၂ နိုင်ငံအကြား Visa စည်းမျည်းစည်းကမ်းများကိုပါလျှော့ချပေးရေးတို့ကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုစက်တင်ဘာလကုန်တွင် သမ္မတရှီသည် သူ၏ တရားဝင် အလည်အပတ်ခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုကို သွားရောက်မည်ဖြစ်သည်။ သမ္မတအိုဘားမားနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ ထို့အပြင် ထင်ရှားသော နိုင်ငံရေးသမားများနှင့် ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်များနှင့်ပါတွေ့ဆုံသွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.