Connect with us

Videos

မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံခြင်းသည် ပြည်သူများအတွက်အလုပ်အကိုင်အခွင့်အလမ်းများကိုပါ ကူညီပေးရာရောက် ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြောကြား

နေပြည်တော်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ၏ စီးပွားရေးအခြေအနေသည် ၂၀၁၅ ခုနှစ်တွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိ သည့်အတွက် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပါကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းသည် မိမိတို့ အကျိုးအမြတ်အတွက်သာမက မြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုပါ ကူညီပေးရာရောက်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ၊ စွမ်းအင်ဝန်ကြီးဋ္ဌာနဝန်ကြီး ဦးဇေယျာအောင်က ယနေ့ နေပြည်တော်တွင်ကျင်းပသော စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံ၏ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဖိုရမ် တွင် ပြောကြားလိုက်သည်။

သို့ရာတွင် အကြီးစားစီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရန်အတွက်လုံလောက်သောစီးပွားရေးဆိုင်ရာ ပတ်ဝန်းကျင်ကောင်းတစ်ခုနှင့် အခြေခံအဆောက်အအုံများကို ဖန်တီးနိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမို ဝင်ရောက်လာရန်လိုအပ်လျက်ရှိနေသေးကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် လည်း မြန်မာနိုင်ငံသားများ ၏ အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်ရန်အတွက် လုပ်သားအင်အားများ ဖြင့် လည်ပတ်ရသောလုပ်ငန်းများဖြစ်သည့် ဆောက်လုပ်ရေးလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ စက်မှုလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများထပ်မံတိုးမြှင့်ဝင်ရောက်စေရန် ဖိတ်ခေါ်ပါကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။

စတုတ္ထအကြိမ်မြောက်ကျင်းပသော အဆိုပါ ဖိုရမ်အား စက်တင်ဘာလ ၁၅ ရက်နေ့ မှ၁၆ ရက်နေ့ အထိ (၂) ရက်ကြာကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိက နှင့် အစိုးရကဏ္ဍပေါင်းကူး တစ်ခု ဖြစ်စေရန်နှင့် ရင်းနှီးမြှုပ်နှံသူများအတွက် စွန့်ဦးဈေးကွက်များ ရှာဖွေတွေ့ရှိနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ် ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် Euromoney Conference အဖွဲ့တို့ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.