Connect with us

Videos

တရုတ် နိုင်ငံ ICBC ဘဏ် ရန်ကုန် ဘဏ်ခွဲ က ငွေကြေးဝန်ဆောင်မှု အစည်းအဝေး ကျင်းပ

ရန်ကုန် ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ စက်မှု နှင့် စီးပွားရေး ဘဏ် (Industrial and Commercial Bank of China,ICBC) ရန်ကုန် ဘဏ်ခွဲ က အောက်တိုဘာ ၂၁ ရက်နေ့ ညပိုင်းအချိန်တွင် ရန်ကုန်မြို့ရှိ Novotel ဟိုတယ်တွင် “ခေတ်သစ်ပိုးလမ်းမကြီး-ရွှေရောင်မြန်မာနိုင်ငံ” ငွေကြေးဝန်ဆောင်မှု အစည်းအဝေး ကို ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနား တက်ရောက်ခဲ့သည့် ဧည့်သည်တော်များမှာ အစည်းအဝေး အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ICBC ရန်ကုန်ဘဏ်ခွဲ အထွေထွေ မန်နေဂျာ မစ္စတာ ဟယ်ပိချင်း (Mr. He Biqing) က အဖွင့်အမှာစကား ပြောကြားရာတွင် ICBC ဘဏ်သည် ကမ္ဘာ့အကြီးဆုံး ဘဏ်တစ်ခု အနေဖြင့် မိမိတို့၏ လုပ်ငန်းကျွမ်းကျင်မှု နှင့် အတွေ့အကြုံများဖြင့် မြန်မာ နိုင်ငံ ဘဏ်လုပ်ငန်း နှင့် ငွေကြေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း ပြောကြား ခဲ့သည်။ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် က မြန်မာ နိုင်ငံ ငွေကြေးဝန်ဆောင်မှု ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အတွက် ရင်းနှီးမြှုပ်နှံမှု များလာရောက် ပြုလုပ်ရန် ဖိတ်ခေါ်ကြောင်း နှုတ်ခွန်းဆက် အမှာစကား ပြောကြား ခဲ့သည်။ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က တရုတ်-မြန်မာ ငွေကြေးဆိုင်ရာ ကဏ္ဍ အသီးသီး ပူးပေါင်းဆောင်ရွက်မှု များမြှင့်တင်နိုင်ရန် မျှော်လင့်ပြီး နှစ်နိုင်ငံ ပြည်သူလူထု ကို ပိုမို အကျိုးဖြစ်ထွန်းစေကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကို ပိုမိုမြှင့်တင်လိုကြောင်း ပြောကြား ခဲ့သည်။ ထို့နောက်တွင် ICBC ဘဏ် ရန်ကုန်ဘဏ်ခွဲ က လုပ်ဖော်ကိုင်ဘက် ဘဏ်လုပ်ငန်းများ မှ လုပ်ငန်းရှင်များအား ဂုဏ်ပြုဆု များအသီးသီးပေးအပ်ခဲ့ပြီး စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.