Connect with us

Videos

တရုတ် ဘာသာစကား ကျွမ်းကျင်မှု “တရုတ်စာပေ ပေါင်းကူးတံတား” နောက်ဆုံး အဆင့်ပြိုင်ပွဲ ကျင်းပ

ရန်ကုန် ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

အထက်တန်း အဆင့် နှင့် တက္ကသိုလ် အဆင့် ကျောင်းသားများပါဝင်ယှဉ်ပြိုင်သည့် “တရုတ်စာပေ ပေါင်းကူးတံတား” ၂၀၁၇ ခုနှစ် တရုတ် ဘာသာစကား ကျွမ်းကျင်မှုပြိုင်ပွဲ ရန်ကုန်ဒေသ ဆိုင်ရာ နောက်ဆုံးအဆင့် ပြိုင်ပွဲ ကို ဇွန်လ ၇ ရက်နေ့ က ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံ တရုတ်ကုန်သည်များအသင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲ သို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ ဇနီး မစ္စ ဝမ်ရွှဲဟုန် (Ms.Wang Xuehong) ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး မစ္စတာ ထျန်ဆန့်ထင် (Mr.Tian Shanting) ၊ တရုတ် နိုင်ငံ သံရုံး သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ ရန်ကုန်မြို့ ရှိ တရုတ်လူမျိုးအသင်းအဖွဲ့ အသီးသီး မှ ကိုယ်စားလှယ်များ ၊ တရုတ်စာပေ သင်တန်းကျောင်း မှ ကိုယ်စားလှယ်များ ၊ အကဲခတ် အမှတ်ပေး ဒိုင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး မစ္စတာ ထျန်ဆန့်ထင် က “တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲသည် တရုတ်ဘာသာစကား ဖြင့် နိုင်ငံ အသီးသီး ၏ ချစ်ကြည်ရေး ကို ချိတ်ဆက်ပေးသည့် ပေါင်းကူးတံတား တစ်ခု ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် ကျောင်းသား/သူ တို့မှ ၎င်းတို့၏ တရုတ် ဘာသာစကား ကျွမ်းကျင်မှု စွမ်းရည် နှင့် တရုတ် ရိုးရာ အနုပညာ စွမ်းရည် တို့ကို ထုတ်ဖော်ပြသ ခဲ့ကြပြီး အထက်တန်း ပညာ အဆင့် ပထမ ဆု ကို ပြိုင်ပွဲဝင် ရန်တချန်(Yang Dacan) မှ ရမှတ် ၈၆.၆၄ မှတ် ဖြင့် ဆွတ်ခူး နိုင်ခဲ့ပြီး တက္ကသိုလ် အဆင့် တွင် ပြိုင်ပွဲဝင် လီကိန်းရွေ (Li Genrui) မှ ရမှတ် ၈၉.၉၂ မှတ် ဖြင့် ပထမ ဆု ကို ဆွတ်ခူး နိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.