Connect with us

Videos

မတ်စောက်သော တောင်များအတွင်း နှစ်ပေါင်း ၄ဝ ကျော်ကြာ ဥမင်လမ်းဖောက်လုပ်ခဲ့

ဟီနန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟီနန်ပြည်နယ်တွင် ရွာသား ၁၃ယောက် က နှစ်ပေါင်း ၄ဝ ကျော် အချိန်ယူကာ ကျောက်သားဥမင်တွင်း လမ်းများဖောက်လုပ်ခဲ့ကြောင်းသိရသည်။ ထို ဥမင်လမ်းကြောင့် သွားလာရေးအဆင်ပြေချောမွေ့လာကာ ယခုတွင် ကမ္ဘာလှည့် ခရီးသည်များ ၏ စိတ်ဝင်စားခြင်းကို ခံရ လျက်ရှိသည်။ ၁၂၅ဝ မီတာရှည်သည့် အဆိုပါ ဥမင်လမ်းကို ၁၉၇ဝ ပြည့်နှစ်ကျော် ကတည်းက စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လမ်းမှာ အမြင့် ၅ မီတာရှိပြီး ၄ မီတာ ကျယ်သည်။အလင်းရောင် ရစေရန်ဥမင်နံရံများတွင်ရွာသားများက ပြတင်းပေါက်ပေါင်း ၃ဝ ကျော်ကိုလည်း အရွယ်အစားအမျိုးမျိုး ထွင်းဖောက် ပြုလုပ် ထားသည်။ ထိုဥမင်လမ်းသည် လူတု့ိ၏ ကြိုးပမ်းအားထုတ်မှု တစ်ခုဖြစ်ရုံမက တောင်ပေါ်ရွာလေး၏ အနာဂတ်ကို ပါပြောင်းလဲစေခဲ့သည်။ ယခုတွင် ထိုဥမင်လိုဏ်ခေါင်းမှာ ဒေသခံပြည်သူတို့၏ အားထုတ်မှုကြောင့် ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်မှုတစ်ခု ဖြစ်လာသည်။ အဆိုပါလမ်းမှာ ကမ္ဘာပေါ်တွင် မတ်စောက်မှုအရှိဆုံးလမ်းများထဲက တစ်ခု အပါအဝင်ဖြစ်သည်။ ယခင်ကတောင်တက်လှေခါးထစ်ပေါင်း၇၂ဝ ခန့်ပါဝင်သည့် အန္တရာယ်များသည့် လမ်းကြောင်းကို အသုံးပြုခဲ့ရာ ယခု ဥမင်လမ်းကို ဖောက်လုပ်ခဲ့ခြင်းကြောင့် အဆင်ပြေစွာသွားလာ ဆက်သွယ်နိုင်ပြီဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.