Connect with us

Videos

ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းတွင်ရေအောက်ဥမင်လိုဏ်ခေါင်းကို တရုတ်နိုင်ငံကဆောက်လုပ်

စစ်တကောင်း၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)

စစ်တကောင်းမြို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး ၎င်းတွင် နိုင်ငံ၏ ပထမဆုံးရေအောက်ဥမင်လိုဏ်ခေါင်းကို ဖောက်လုပ်လျက်ရှိသည်။ ၎င်းရေအောက်ဥမင်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အရှည်ဆုံးမြစ်ဖြစ်သည့် ကာနာပူလီမြစ်အောက်တွင်ဖောက်လုပ်မည်ဖြစ်ပြီး အရှည်အားဖြင့် ၃.၅ ကီလိုမီတာရှိသည်။ ထိုဥမင်ကို China Communication Construction Company Ltd က ဆောက်လုပ်နေခြင်းဖြစ်ပြီး ထိုစီမံကိန်းတွင် ဒေသခံအလုပ်သမားပေါင်း ၉ဝဝ ကျော်ကို ခန့်ထားဆောင်ရွက်နေသည်ဟုသိရသည်။ ၂ဝ၁၇ ခုနှစ်နှောင်းပိုင်းတွင်စတင်တည်ဆောက်ခြင်းဖြစ်ပြီး ၂ဝ၂၂ ခုနှစ်တွင် ဥမင်လိုဏ်ခေါင်းကိုအသုံးပြုနိုင်မည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.