Connect with us

Videos

မြန်မာ-စင်ကာပူ နှစ်နိုင်ငံ အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ဖြင့် ယနေ့စတင်၍ သွားလာနိုင်ပြီ

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)
မြန်မာ-စင်ကာပူ နှစ်နိုင်ငံ အကြား သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများ ယနေ့ဒီဇင်ဘာလ ၁ ရက်မှ စတင်၍ ပြည်ဝင်ခွင့် ရယူရန် မလိုတော့ဘဲ ဗီဇာ ကင်းလွတ်ခွင့်ဖြင့် သွားရောက်နိုင်ပြီ ဖြစ်ကြောင်း နှစ်နိုင်ငံ သဘောတူညီချက်များ အရ သိရသည်။
မြန်မာ-စင်ကာပူ နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ ဗီဇာကင်းလွတ် ရက်ပေါင်း ၃၀ နေထိုင်ခွင့် အပြန်အလှန် သဘောတူညီချက်များအား စင်ကာပူ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ မြန်မာနိုင်ငံ သို့ယခုနှစ် ဇွန်လ အတွင်း လာရောက်ခဲ့သည့် ခရီးစဉ် အတွင်း သဘောတူညီခဲ့ကြသည်။
မြန်မာ-စင်ကာပူ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးသည် ၁၉၆၆ ခုနှစ်မှ စတင်ခဲ့ပြီး ယခုနှစ်သည် နှစ် ၅၀ ပြည့်မြောက်သည့် နှစ်လည်း ဖြစ်သည်။
ယခု အခါတွင် မြန်မာနိုင်ငံသား ၂ သိန်းကျော်သည် စင်ကာပူနိုင်ငံ၌ နေထိုင် အလုပ် လုပ်ကိုင်လျက် ရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင် သတင်းထုတ်ပြန်ချက် အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.