Connect with us

Videos

လာအိုနိုင်ငံတွင် ဆည်ကျိုးကျခဲ့ပြီးနောက် လူ ၁၉ ဦးသေဆုံး၊ ၄၉ ဦး ပျောက်ဆုံး

ဗီယင်ကျန်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံတောင်ပိုင်းရှိ ဆောက်လုပ်ဆဲ ရေအားလျှပ်စစ်ဆည်ဖြစ်သော Xepian-Xe Nam Noy ဆည်ကျိုးကျမှုကြောင့် လူ ၁၉ ဦးခန့်သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပြီး အခြားသူ ၄၉ ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း Attapeu ပြည်နယ် အုပ်ချုပ်ရေးရုံးက ဇူလိုင်လ ၂၅ ရက်တွင် ပြောကြားထားသည့် တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးသော သတင်းများအား ကိုးကား၍ ဒေသခံမီဒီယာက ဖော်ပြထားသည်။

အဆိုပါ ရေအားလျှပ်စစ်ဓာတ်အားပေးဆည်ကျိုးကျမှုတွင် လာအိုနိုင်ငံ တောင်ပိုင်း Attapeu ပြည်နယ် Sanamxay ခရိုင်ရှိ ကျေးရွာ ၇ ရွာလည်း ရေလွှမ်းမိုးခဲ့သည်။

ရေမြင့်တက်မှုများက နေအိမ်မျက်နှာကျက်များအထိ ရောက်ရှိနေပြီး ရွာသားများနှင့် တိရစ္ဆာန်များက ဘေးလွတ်ရာရှာရင်း နေအိမ်ခေါင်မိုးများပေါ်သို့ တက်နေရပြီး ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နေသည့်မြင်ကွင်းများကို အောက်ပါလင့်ခ်မှ တစ်ဆင့်ကြည့်ရှုနိုင်ပါသည် ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.