Connect with us

Videos

အနာဂတ်မျှဝေမှုနှင့်အတူ ခိုင်မာသော တရုတ်-အာဖရိက လူမှုအသိုက်အဝန်း တည်ဆောက်ရေး တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ပြောကြား

ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

အနာဂတ်မျှဝေမှုနှင့်အတူ ခိုင်မာသော တရုတ်-အာဖရိက လူမှုအသိုက်အဝန်း တည်ဆောက်ရေးအတွက် စက်တင်ဘာလ ၃ ရက်တွင် ပြုလုပ်သော တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၂၀၁၈ ပေကျင်းထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်း၌ သမ္မတ ရှီကျင့်ဖိန်က ထည့်သွင်းပြောကြားခဲ့သည်။ အနာဂတ်မျှဝေမှုနှင့်အတူ ပူးတွဲတာဝန်ယူမှုရှိသော၊ နှစ်ဦးနှစ်ဘက်အကျိုးကျေးဇူးရှိပြီး ပူးပေါင်းဆောင်ရွက်မှုရှိသော၊ အားလုံးအတွက် ပျော်ရွှင်မှုကို ပေးစွမ်းသော၊ ယဉ်ကျေးမှုဆိုင်ရာ ကြွယ်ဝချမ်းသာမှုကို မွေ့လျော်သော၊ ဘုံ လုံခြုံမှုရှိသော၊ လူသားနှင့် သဘာဝအကြား လိုက်လျောညီထွေဖြစ်မှုကို မြှင့်တင်ပေးသော တရုတ်-အာဖရိက လူမှုအသိုက်အဝန်း တည်ဆောက်ရေးအတွက် ရှီက ထည့်သွင်းပြောကြားခဲ့သည်။ အနာဂတ်မျှဝေမှုနှင့်အတူ ခိုင်မာသော တရုတ်-အာဖရိက လူမှုအသိုက်အဝန်းတစ်ခု တည်ထောင်ခြင်းဖြင့် လူသားမျိုးနွယ်အတွက် အနာဂတ်မျှဝေမှုရှိသော လူမှုအသိုက်အဝန်းတစ်ခု တည်ထောင်ရေးအတွက် ပုံစံသစ်တစ်ခု တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ရှီက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.