Connect with us

Videos

ရန်ကုန်စတော့အိတ်ချိန်းတွင် ပဉ္စမမြောက် စာရင်းဝင်ကုမ္ပဏီအဖြစ် TMH telecom ကုမ္ပဏီလီမီတက်က စာရင်းဝင်ခြင်း အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

ရန်ကုန်စတော့အိတ်ချိန်းတွင် ပဉ္စမမြောက် စာရင်းဝင်ကုမ္ပဏီအဖြစ် TMH telecom ကုမ္ပဏီလီမီတက်က စာရင်းဝင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ရန်ကုန်စတော့အိတ်ချိန်းတွင် ကျင်းပခဲ့သည်။

TMH Telecom Public ကုမ္ပဏီလီမီတက် မှ မန်နေဂျင်းဒါရိုက်တာဦးသီဟလွင်က “ကျွန်တော်တို့ TMH ကုမ္ပဏီ အနေနဲ့ တကယ့်ကို သမိုင်းဝင်တဲ့ နေ့ဖြစ်ပါတယ်။ဘဝမှာ အောင်မြင်မှုဆိုတာ လွယ်လွယ်ကူကူနဲ့ ရနိုင်တာ မဟုတ်ပါဘူး။ကုမ္ပဏီကိုယ်စားအရမ်းဝမ်းသာကြောင်း ပြောချင်ပါတယ်။ရန်ကုန်စတော့အိတ်ချိန်းမှာ ပဉ္စမမြောက် စာရင်းဝင်ကုမ္ပဏီဖြစ်ရလို့ အင်မတန်ဂုဏ်ယူမိပါတယ်’’ ပြောကြားခဲ့သည်။

TMH Telecom Public ကုမ္ပဏီလီမီတက် မှ ကနဦးအစုရှယ်ယာများကမ်းလှမ်းရောင်းချခြင်း (IPO Road Show) အား ဒီဇင်ဘာလ ၁၃ ရက်နေ့က ရန်ကုန်စတော့ အိတ်ချိန်းတွင်ပြုလုပ်ခဲ့ပြီး ယနေ့ ပဉ္စမမြောက်စာရင်းဝင်ကုမ္ပဏီဖြစ်လာခဲ့သည်။

TMH Telecom Public ကုမ္ပဏီလီမီတက် ၏ ရှယ်ယာဈေးနှုန်း စဖွင့်သည့် အချိန် တွင် ရှယ်ယာတစ်ခု ကို ကျပ် ၃၀၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး အစီအစဉ်ကျင်းပနေသည့် အချိန် တွင် ရှယ်ယာတစ်ခုလျှင် ကျပ်၃၂၅၀ အထိ ဈေးမြင့်လာခဲ့သည်။

TMH Telecom Public ကုမ္ပဏီလီမီတက် မှ စုစုပေါင်းထုတ်ဝေရောင်းချမည့် ရှယ်ယာအရေအတွက် မှာ၄သိန်း မှ ၅သိန်း အကြားဖြစ်ပြီး အနိမ့်ဆုံးကျပ် ၃ထောင်ဝန်းကျင်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း၊ ရင်းနှီးငွေပမာဏမှာ ကျပ် ၁.၅၉ ဘီလီယံ မှ ၁.၆၃ ဘီလီယံကြားဖြစ်ကြောင်း သိရသည်။

အရောင်းအဝယ်ဖြစ်မြောက်သည့် နေ့လည် ၁၁နာရီ အတိတွင် ဈေးကွက်အဖွင့်ခေါင်းလောင်းအားတီးခတ်ခဲ့ပြီး TMH telecom Co., Ltd အားပဉ္စမမြောက် ကုမ္ပဏီအဖြစ်ကြေညာခဲ့သည်။

TMHမှ ထုတ်ဝေရောင်းချသော အစုရှယ်ယာများအား ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၂၆) ရက်နေ့မှ စတင်ပြီး မိမိတို့ Securities Accounts ဖွင့်လှစ်ထားသော Securities Companies များမှ တဆင့် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း၊Securities Accounts မရှိသေးသော ရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း မိမိတို့နှစ်သက်ရာ Securities Companies များတွင် စာရင်းဖွင့်လှစ်ပြီး ရင်းနှီးမြှုပ်နှံနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ ၄ခု ဖြစ်သည့် ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၊ Myanmar Thilawa SEZ Holding ၊ မြန်မာနိုင်ငံသားများဘဏ်၊ ပထမပုဂ္ဂလိကဘဏ် တို့ ၏ ရှယ်ယာများလည်း အရောင်းအဝယ် ပြုလုပ်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.