Connect with us

Videos

2019 Military World Games မီးရှုးတိုင်လက်ဆင့်ကမ်းသယ်ဆောင်သည့် အခမ်းအနား

ဝူဟန်၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအလယ်ပိုင်းဝူဟန်မြို့တွင်  ကျင်းပမည့် 2019 Military World Games အတွက် မီးရှုးတိုင် လက်ဆင့်ကမ်း သယ်ဆောင်သည့် အခမ်းအနားကို အောက်တိုဘာ ၁၆ ရက်တွင် ဝူဟန်မြို့၌ ကျင်းပခဲ့ရာ မီးရှုးတိုင်လက်ဆင့်ကမ်းသယ်ဆောင်သူအယောက် ၁၀၀ က ဝူဟန်မြို့၏ အထင်ကရ  east lake greenway သို့ ဖြတ်သန်း သယ်ဆောင် ကာ ဝူဟန် အားကစားခန်းမ တွင် ထွန်းညှိမည်ဖြစ်ကြောင်းသိရသည်။ Military World Games ကို ၁၉၉၅ ခုနှစ်မှ စပြီး လေးနှစ်လျှင် တစ်ကြိမ် ကျင်းပခဲ့ရာ 2019 Military World Games မှာ ၇ ကြိမ် မြောက် ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ Military World Games တွင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ အားကစားသမားပေါင်း ၁သောင်းခန့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။( Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.