Connect with us

Videos

တရုတ်နိုင်ငံအကြောင်းရိုက်ကူးထားသော Amazing China အမည်ရှိ မှတ်တမ်းရုပ်ရှင် ဒုတိယအကြိမ်မြောက်စံချိန်တင်ရောင်းချရ

ပေကျင်း၊ မတ် ၁၀ ရက်(ဆင်ဟွာ)

မတ်လ ၂ ရက်နေ့တွင် ထွက်ရှိခဲ့သော Amazing China အမည်ရှိ တရုတ်မှတ်တမ်းရုပ်ရှင်မှာ ၅ ရက်တာအတွင်း အမေရိကန်ဒေါ်လာ ၁၉.၇ သန်း အထိရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

၎င်းမှတ်တမ်းရုပ်ရှင်မှာ တရုတ်နိုင်ငံတွင် ဒုတိယမြောက် အရောင်းရဆုံး မှတ်တမ်းရုပ်ရှင်ဖြစ်လာခဲ့ပြီး လွန်ခဲ့သည့် ၅ နှစ်အတွင်း တရုတ်နိုင်ငံတွင် အအောင်မြင်ဆုံးမှတ်တမ်းရုပ်ရှင်အဖြစ်စံချိန်တင်ခဲ့သည်။ ထိုမှတ်တမ်းရုပ်ရှင်ထဲတွင် ကမ္ဘာ့အကြီးဆုံးရေဒီယို တယ်လီစကုတ်၊ ကမ္ဘာ့အကြီးဆုံးကမ်းလွန်ရေနံတူးစင် blue whale 2 နှင့် 5G ကွန်ရက်စနစ် အကြောင်းများပါဝင်သည်။

ထို့အပြင် ထို အောင်မြင်မှုများ၏ နောက်ကွယ်က တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်သည့် အင်ဂျင်နီယာများ၊ အောက်ခြေအဆင့်ဝန်ထမ်းများနှင့် ဆင်းရဲမှုပပျောက်ရေးဆောင်ရွက်ချက်များ၊ ဖွံဖြိုးတိုးတက်မှုကဏ္ဍတွင် စွမ်းဆောင်ခဲ့သည့် စီးပွားရေးသမားများစသည်တို့ ပါဝင်ပြီး ကြာချိန် မိနစ် ၉ဝ ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.