Connect with us

Videos

Starbucks နှင့် အလီဘာဘာ တို့မိတ်ဖက်အဖြစ်လက်တွဲ

ရှန်ဟိုင်း ၊ သြဂုတ် ၃ ရက်(ဆင်ဟွာ)

Starbucks ကော်ဖီကုမ္ပဏီ နှင့် အလီဘာဘာ(Alibaba) ကုမ္ပဏီ တို့သည် ရှန်ဟိုင်းမြို့တွင် မိတ်ဖက်အဖြစ်လက်တွဲကြောင်း သြဂုတ် ၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။

အလီဘာဘာ နှင့် Starbucks တို့၏ ကနဦးဝန်ဆောင်မှု အဖြစ် ပေကျင်း နှင့် ရှန်ဟိုင်းမြို့များရှိ အဓိကကုန်သွယ်ရေးနေရာများတွင် ၂ဝ၁၈ ခုနှစ်အတွင်း ဆိုင်ခန်းပေါင်း ၁၅ဝ စတင် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Starbucks ကုမ္ပဏီအနေဖြင့် ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၃ဝ တွင် ဆိုင်ခန်းပေါင်း ၂ဝဝဝ ကျော်အထိ ဖွင့်လှစ်၍ ဖြန့်ချိမှု ကို အရှိန်အဟုန်တိုးချဲ့လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် စားသုံးသူများ၏ မှာယူမှုကို ဖြည့်ဆည်းနိုင်ရန် Starbucks အိမ်အရောက်မှာယူနိုင်မည့် စနစ်ကို ထူထောင်သွားပြီး တရုတ်စားသုံးသူများအတွက် အွန်လိုင်းမှတစ်ဆင့် Starbucks စတိုးတစ်ခု ဖန်တီးနိုင်မည့် စနစ်ကိုလည်းအကောင်အထည်ဖော်သွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.