Connect with us

Videos

ကွန်ပျူတာ ဈေးကွက် ကျဆင်းလာခြင်းကြောင့် Intel ကုမ္ပဏီ ဝန်ထမ်း ၁၂,ဝဝဝ လျှော့ချမည်

ဆန်ဖရန်စစ္စကို ၊ ဧပြီ ၂ဝ ရက် ( ဆင်ဟွာ )

PC ကွန်ပျူတာ ဈေးကွက် ရောင်းအား ကျဆင်းလာခြင်းကြောင့် အမေရိကန် ထိပ်တန်းကွန်ပျူတာ ချစ်ပြား ( Chips ) ထုတ်လုပ်သည့် Intel ကုမ္ပဏီသည် ၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ ကမ ္ဘာတစ်ဝန်း၌ ဝန်ထမ်း ၁၂,ဝဝဝ ကို လျှော့ချသွားမည်ဟု ဧပြီလ ၁၇ ရက်တွင် ထုတ်ဖော် ကြေညာလိုက်သည်။

PC ကွန်ပြူတာ ချစ်ပြား ထုတ်လုပ်မှုတွင် Intel သည် ကမ္ဘာ့ ထိပ်တန်း အမှတ်တံဆိပ် အဖြစ် ကာလရှည် ရပ်တည်လာခဲ့သည်။ သို့သော် လွန်ခဲ့သော နှစ်အနည်းငယ်က PC ဝယ်လိုအား ကျဆင်းလာခဲ့သည့် အတွက် Intel အနေဖြင့် PC ကွန်ပျူတာ အပေါ်အမှီပြုနေရခြင်းကို လျှော့ချပြီး Cloud ၊ မိုလ်ဘိုင်းဖုန်း နှင့် တခြား ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ တိုးမြှင့် ထုတ်လုပ်ရန် ကြိုးပမ်း အားထုတ်လာသည်။

Intel ကျွမ်းကျင်သူများ အဆိုအရ ဝန်ထမ်း လျှော့ချလိုက်သည့် အတွက် ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၇၅ဝ သက်သာစေလိမ့်မည်ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ နှစ်စဉ် ထုတ်လုပ်မှု ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၁.၄ ဘီလီယံ သက်သာသွားမည်ဟု ဆိုသည်။ (Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.