Connect with us

Videos

ဆင်းရဲနွမ်းပါး ကျောင်းသူ ကျောင်းသားများအတွက် အခမဲ့ပညာရေးအစီအစဉ်ဆောင်ရွက်

ကျန်းစု၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းကျန်းစုပြည်နယ် တွင် ယခုနှစ်မှ စ၍ ဆင်းရဲနွမ်းပါး ကျောင်းသူ ကျောင်းသားများအတွက် အခမဲ့ပညာရေးအစီအစဉ်ကို စတင်မည်ဟုသိရသည်။ ထိုအစီအစဉ်ကြောင့် နွမ်းပါးသူ ကျောင်းသားကျောင်းသူပေါင်း ၁သိန်းကျော် အတွက် အလွန်အကျိုးရှိလာမည်ဖြစ်သည်။

ဆင်းရဲ နွမ်းပါးသည့် မိသားစုဝင် ကလေးများအတွက် အဆိုပါ အခမဲ့ ပညာရေးစနစ်ထဲတွင် ကျူရှင်ကြေးများကို ပါ ကင်းလွတ်ခွင့်ပြုမည်ဟုသိရသည်။ ထိုအစီအစဉ် ကို ဆောင်ရွက်ပေးရခြင်းမှာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်း တွင် ပညာသင်ကြားနိုင်ကြစေရန်နှင့် ထိုကလေးငယ်များ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိစေရန်လည်း ရည်ရွယ်သည်။

ဗဟို အစိုးရ က ၂ဝ၁၂ ခုနှစ်ကတည်းက နိုင်ငံအတွင်း လူနည်းစု ဒေသများရှိ ကျောင်းသား ကျောင်းသူ ၉ဝ ရာခိုင်နှုန်းအတွက် အဆင်ပြေစေရန် အဆိုပါ အစီအစဉ် ကို ဒေါ်လာ 7.7 သန်း အကုန်အကျ ခံ ဆောင်ရွက်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.